ပရိသတ်တွေ အထူးမျှော်လင့်တစား စောင့်စားခဲ့ရတဲ့ ''မုန်းစွဲ ''ရုပ်ရှင်ဇာတ်ကားကြီးကတော့ Official Trailer ထွက်လာခဲ့ပြီး နောက်မှာတာ့ Trailer ကြည့်ရှုသူတိုင်း အံသြမှင်သက်စေလောက်အောင် ဖန်တီးမှုကောင်းတွေနဲ့အတူ ဆွဲဆောင်နိုင်စွမ်းတွေ ပြည့်ဝနေခဲ့ပါတယ်။ စိတ်ဝင်စားစရာ ဇာတ်လမ်း တစ်ပုဒ်ဖြစ်ရုံသာမက ရုပ်ရှင်လောကမှာပါ မှတ်တိုင်စိုက်ထူနိုင်မယ့် '' မုန်းစွဲ ''ဇာတ်ကားကြီးကို စင်ကာပူနိုင်ငံနဲ့ မြန်မာနိုင်ငံမှာ တစ်ပြိုင်နက်တည်း ပြသမယ့် ပထမဆုံးဇာတ်ကားကြီး ဖြစ်ကြောင်း ကြေငြာထားပြီးပြီပဲ ဖြစ်ပါတယ်။

စင်ကာပူနိုင်ငံ မှ ရွှေမြန်မာများ စိတ်တိုင်းကျအားပေးနိုင်ပြီ ဖြစ်တာမို့ "မုန်းစွဲ" ကို မလွတ်တမ်း အားပေးကြဖို့ကိုလည်း ဖိတ်ခေါ်တိုက်တွန်းလိုက်ပါတယ်။ စင်ကာပူနိုင်ငံမှာ ပြသမယ့် အချိန်၊ နေ့ရက်၊ နေရာနဲ့ ဈေးနှုန်းလေးတွေကိုပါ တစ်ဆက်တည်း ဖော်ပြပေးမှာမို့ ဒီ အခွင့်အရေးလေးကို လက်မလွတ်ကြဖို့ ထပ်ပြီး တိုက်တွန်းလိုက်ပါရစေနော်။

နိုဝင်ဘာလ ၁၆ ရက် မှ ၂၉ ရက် နိုဝင်ဘာ အထိ စင်္ကာပူရဲ့ အကောင်းဆုံး နံပါတ် ၁ ရုပ်ရှင်ရုံ Cathay အပါအဝင် ဖော်ပြပါ အခြားသော ရုပ်ရှင်ရုံတွေမှာပါ တပြိုက်နက်တည်း ရုံတင်ပြသပါမှာ ဖြစ်ပါတယ်။

စင်ကာပူနိုင်ငံရှိ "မုန်းစွဲ" ရုံတင်ပြသမည့် ရုပ်ရှင်ရုံများ

The Cathay Cineplex (Dhoby Ghaut)

Cineleisure Orchard (Somerset)

AMK Hub (Ang Mo Kio)

JEM (Jurong East)

ရုပ်ရှင် လက်မှတ်ခ ဈေးနှုန်းများ

Weekdays - 9.00$

Weekend - 13.00$

Online - +1.00$

လက်မှတ်များကို ရုပ်ရှင်ရုံတွင် တိုက်ရိုက်ဝယ်ယူနိုင်သလို online မှ တစ်ဆင့်

https://www.cathaycineplexes.com.sg တွင်လည်း ဝယ်ယူနိုင်မှာပဲ ဖြစ်ပါတယ်။ ကုန်ကျလိုက်ရတဲ့ လက်မှတ်တန်ဖိုးနဲ့ ပြန်မရတော့မယ့် တန်ဖိုးရှိတဲ့အချိန်တွေအတွက် "မုန်းစွဲ" က ပေးဆပ်ရတာ တန်လိမ့်မယ်ဆိုတာ အသေအချာပါပဲ။

ဒ့ါကြောင့် စင်ကာပူနိုင်ငံရှိ ရွှေမြန်မာများ "မုန်းစွဲ" ကို အားပေးရင်း သာယာပျော်ရွှင်နိုင်ကြစေဖို့ ဆန္ဒပြု လိုက်ပါတယ်။

Source: Wai Min Maung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။