ပရိသတ်ကြီးကို အခုအခါဖော်ပြမယ့် အကြောင်းအရာလေးကတော့ မွေးကတည်းက ထူးဆန်းတဲ့ အသားအရည်နဲ့ မွေးဖွားလာတဲ့ ကလေးလေးအကြောင်း ဖော်ပြပေးချင်ပါတယ်။ ဒီကလေးကို ပါကစ္စတန်နိုင်ငံ၊ဂေးလ်ဂစ်တွင် ၂၀၁၀ ပြည့်နှစ် မတ်လက ဖွားမြင်ခဲ့ပြီး ကလေးရဲ့ အရေပြားဟာ သန္ဓေသား ချွတ်ယွင်း ဖောက်ပြန်မှုကြောင့် ခန္ဓာကိုယ်ပေါ်တွင် ကျားအစင်းများပါရှိနေတာလည်း ဖြစ်ပါတယ်။ ဒီလို အဖြစ်မျိုးဟာ အလွန်ရှားပါပြီး နှစ်ပေါင်းတော်တော်ကြာတဲ့ အထိ ဒီလိုမျိုးမွေးလာတာ မရှိခဲ့ပါဘူး ။ 

ကလေးလေးကို မွေးပီးပီးချင်း အထူးကြပ်မတ်ဆောင်မှာ ထားရှိခဲ့ပြီး ဒီလို ထူးဆန်းတဲ့ ကလေးလေးကို ကြည့်ရှုဖို့အတွက် လူအများကြီး စုရုံးလာကြတယ်လို့လည်း သိရပါတယ်။ ဆရာဝန်တွေရဲ့ ပြောကြားချက်အရတော့ ကလေး၏ကိုယ်ပေါ်မှအစင်းကြောင်းများသည် ဗက်တီးရီးယားများကို ခန္ဓာကိုယ်အတွင်းသို့ဝင်ရောက်ရန် လွယ်ကူသောနေရာ များဖြစ်နေသဖြင့် ကလေးငယ်သည် အသက်ရှင်သန်ရန် ၁၀ ရာခိုင်နှုန်းသာရှိတယ်လို့ သိရပါတယ်။ 

ဒီကလေးလေးရဲ့ ပုံစံဟာ ခန္ဓာကိုယ်တစ်ခုလုံးတွင် အနီရောင် အစင်းကြောင်းများနှင့် အနီရောင်မျက်လုံးများ ပါရှိနေကာ ကျားတစ်ကောင်နှင့် ပိုပီး တူနေခဲ့ပါတယ်။ ဒီလို အရေပြားရောဂဟာ သန္ဓေသား အရေပြားချွတ်ယွင်းမှုတွင် အဆိုးရွားဆုံးဖြစ်ပြီး အရေပြားသည် နနွင်းမကင်းပုံစံ အနီရောင် အကြေးခွံများပုံသဏ္ဍာန်ဖြစ်နေတာပဲ ဖြစ်ပါတယ်။ အကြေးနှင့်တူနေသည့် အရေပြားတွေဟာ ကလေး ရဲ့ လှုပ်ရှားမှုကို ကြီးမားစွာ ကန့်သတ်ထားပြီး အရေပြားလေးတွေဟာ ကွဲအက်နေကြသဖြင့် ဗက်တီးရီးယားပိုးများ အလွယ်တကူ ပေါက်ပွားနိုင် သည့် နေရာများ ဖြစ်လာခဲ့တယ်လို့လည်း သိရပါတယ်။ နောက်ဘဝတော့ ဒီလို အဖြစ်မျိုးနဲ့ မကြုံပါရစေနဲ့ လို့ ဆုတောင်းပေးလိုက်ပါတယ် ကလေးလေးရေ…. 

Source : Ar Raw Gyan Magazine 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။