ပြည်တွင်း အားကစားနည်းများစွာကို လက်ရှိနိုင်ငံတကာမှာအသိမှတ်ပြုလျှက်ရှိပြီး ထူးချွန်ပြောင်မြောက်တဲ့ အားကစားသမားများစွာကိုလည်း မွေးထုတ်ပေးလျှက်ရှိတာကိုအားလုံးလည်း သိမယ်ထင်ပါတယ်။ အဆိုပါ အားကစားနည်းတွေထဲမှာ မြန်မာ့ဗိုဗီနမ်လက်ရွေးစင်အသင်းလည်း ပါဝင်တာကို အားလုံးသိမြင်ကြမှာပဲဖြစ်ပါတယ်။ နိုဝင်ဘာလ ၂ရက်နေ့မှာ စတင်ကျင်းပခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံ (၄)ကြိမ်မြောက် အာရှဗိုဗီနမ်ချန်ပီယံပြိုင်ပွဲမှာ မြန်မာ့လက်ရွေးစင်အသင်းကတော့ အကောင်းဆုံးပုံစံတွေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရွှေတံဆိပ်အသီးသီးပိုင်ဆိုင်ခဲ့ကြောင်း သိရပါတယ်။  

အဆိုပါ ပြိုင်ပွဲကို နိုင်ဝင်ဘာလ ၂ရက်နေ့မှ ၇ ရက်နေ့အထိကျင်းပခဲ့ပြီး မြန်မာ့ဗိုဗီနမ်အဖွဲ့လေးဦး သွားရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါ သွားရောက်ယှဉ်ပြိုင်သူတွေရဲ့ ဆုတွေကတော့

(၁) ဆလိုင်းမနားကွီး ရွှေတံဆိပ်(၁)ခု၊ ငွေတံဆိပ်(၁)ခု၊ ကြေးတံဆိပ်(၃)ခု

(၂) မခိုင်ဝါဖူး ရွှေတံဆိပ်(၁)ခု၊ ကြေးတံဆိပ်(၅)ခု

(၃) မောင်ဘိုဘို ရွှေတံဆိပ်(၁)ခု၊ ကြေးတံဆိပ်(၄)ခု

(၄) ရဲဝင့်ထူး ရွှေတံဆိပ်(၁)ခု၊ ကြေးတံဆိပ်(၂)ခု တို့ပဲဖြစ်ပါတယ်။  

အဆိုပါ ပြိုင်ပွဲမှာ မြန်မာ့လက်ရွေးစင် ဗိုဗီနမ်အဖွဲ့ကတော့ ရွှေတံဆိပ်(၃)ခု၊ ငွေတံဆိပ်(၁)ခု၊ ကြေးတံဆိပ်(၁၀)ကို ဆွတ်ခူးနိုင်ခဲ့ကာ နိုင်ငံပေါင်း (၁၇)နိုင်ငံ အနက် အသင်းလိုက် တတိယ ဆုကို ရရှိခဲ့ကြောင်းသိရပါတယ်။ ထူးချွန်ပြောင်မြောက်တဲ့ မြန်မာ့လက်ရွေးစင် အဖွဲ့ရဲ့ ပြိုင်ပွဲပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

pHOTOS - mYANMAR BOBINAM ASSOCIATION 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။