Facebook ရဲ့ တည်ထောင်သူ Mark Zuckerberg ဟာ ကိုယ့်ကိုကိုယ် သတ်သေဖို့ ကြံစည်နေတယ်လို့ယူဆရတဲ့သူတွေကို မိသားစု မိတ်ဆွေတွေက အကူအညီပေးနိုင်ဖို့ ရှာဖွေဖော်ထုတ်ပေးသွားမယ့်နည်းပညာအသစ်ကို Facebook မှာ မိတ်ဆက်လိုက်ပါတယ် ။

အသက် 15-29 အတွင်းသေဆုံးမှုများမှာ မိမိကိုကိုယ်သတ်သေခြင်းဟာ ဒုတိယအများဆုံးအကြောင်းရင်းဖြစ်နေပါတယ် ။ ထိုအရာတွေကိုကာကွယ်ဖို့အတွက် Facebook က စိတ်ခံစားမှုပြင်းထန်နေပြီး ကိုယ့်ကိုကိုယ်နာကျင်စေမယ့် သတ်သေမယ်လို့ ယူဆရတဲ့ Comment တွေ Message တွေတွေ့ရင်ထိုသူရဲ့ Facebook မိတ်ဆွေတွေ ဒါမှမဟုတ် Facebook ရုံးချုပ်ကတိုက်ရိုက်သိရှိနိုင်မယ့် နည်းပညာတစ်ခုကိုဖန်တီးလိုက်တာပါ ။ 

သေကြောင်းကြံမယ်လို့ယူဆရတဲ့သူကိုသူရဲ့ စိတ်ခံစားချက်တွေကို နားထောင်ပေးမယ့် အဖွဲ့အစည်းကဆွေးနွေးသူနဲ့ စကားပြောမလား ?
ကြုံတွေ့နေရတဲ့ အခက်အခဲတွေကျော်လွှားနိုင်ဖို့အတွက်အကြံဉာဏ်တွေကိုလိုချင်သလား ?
ယုံကြည်ရတဲ့ မိတ်ဆွေဆီရင်ဖွင့်မလား ?

ဆိုပြီး facebook ကအလိုအလျောက်မေးမြန်းလာမှာဖြစ်ပါတယ် ။ ယခုလက်ရှိမှာတော့ ထိုနည်းပညာကို စမ်းသပ်အသုံးပြုနေဆဲကာလဖြစ်ပါတယ် ။ ယခင်နှစ်တွေအတွင်းမှာ သေကြောင်းမကြံခင် Status တွေ သေတမ်းစာတွေ ကို Facebook ပေါ်တင်သွားသူတွေသေကြောင်းကြံမှုကို Facebook က live လွှင့်သွားသူ အများအပြားရှိခဲ့တာမို့ ထိုအရာတွေကို ကူညီပေးနိုင်ဖို့ Facebook ကကြိုးပမ်းခဲ့တာဖြစ်ပါတယ် ။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။