အင်္ဂလန်နိုင်ငံ၊Prostmouth မြို့ တွင်နေထိုင်ကြတဲ့ Sammy Barcroft နဲ့ Joanne Vines နှစ်ဦးတို့ဦးဆောင်တဲ့ ပရိဟိတအဖွဲ့ဟာအိမ်ခြေရာမဲ့ဖြစ်နေသူတွေရဲ့ပြသနာတွေကိုကူညီဖြေရှင်းပေးခဲ့ကြတာပဲဖြစ်ပါတယ်။အဆိုပါအမျိုးသမီးနှစ်ယောက်ဦးဆောင်တဲ့ပရဟိတအဖွဲ့ဟာ အိမ်ခြေရာမဲ့ဖြစ်နေသူတွေကိုကူညီဖြေရှင်းပေးနိုင်ရန် The Rucksackဆိုတဲ့ပရော့ဂျက်တစ်ခုကိုပြုလုပ်ခဲ့ကြတာပဲဖြစ်ပါတယ်။

Sammy နဲ့ Joanne တို့ဦးဆောင်တဲ့ပရဟိတအဖွဲ့ဟာအိမ်ခြေရာမဲ့တွေအတွက်နှစ်ထပ်ဘတ်စ်ကားကြီးကိုနားခိုရာအိမ်အဖြစ်ပြုပြင်ဖန်တီးပေးခဲ့ကြတာပဲဖြစ်ပါတယ်။ပထမဦးဆုံးနှစ်ထပ်ဘတ်စ်ကားတွေကိုလူမှုကွန်ယက်တွေမှာအလှူခံခဲ့ရာကားသုံးစီးရရှိခဲ့တယ်လို့သိရပါတယ်။အဆိုပါလှူဒါန်းခဲ့ကြတဲ့ကားများကိုပရဟိတအဖွဲ့ဝင်များကသူတို့ရဲ့လုပ်အားနဲ့အတက်ပညာတွေနဲ့ကုသိုလ်ပြုပါဝင်လုပ်အားပေးပြုပြင်ခဲ့ကြတာပဲဖြစ်ပါတယ်။

ထို့အပြင်ကားများကိုလူအများနေနိုင်အောင်ပြင်ဆင်ဖို့အတွက်အဖွဲ့မှဒေါ်လာ(၈၀၀၀)လှူဒါန်းခဲ့ကြပြီးအဖွဲ့ဝင်များမှလဲဒေါ်လာ(၃၃၀၀၀)နဲ့ညီမျှတဲ့ပညာနဲ့လုပ်အားပေးလုပ်ငန်းများကိုလာရောက်ကူညီလုပ်ကိုင်ပေးခဲ့ကြတာပဲဖြစ်ပါတယ်။ဘတ်စ်ကားများကိုပညာရှင်များနဲ့ဝိုင်းဝန်းပြုပြင်ပြီးတဲ့အခါမှာတော့လူ(၁၂)ယောက်အိပ်နိုင်သောအိပ်ယာ၊ဧည့်ခန်းနဲ့ပစ္စည်းစုံပါတဲ့မီးဖိုဆောင်တစ်ခုကိုပါဖန်တီးပေးခဲ့ကြတာပဲဖြစ်ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။