အချို့သော ရောဂါဝေဒနာတွေက လက်လှမ်းမမီ မကုသနိုင်လောက်အောင် ထူးဆန်းပါတယ်။ ယခုအခါမှာလည်း ကလေးမလေးတစ်ယောက်ခံစားနေရတဲ့ ရောဂါဟာဆိုရင်လည်း ရှားပါးရောဂါတစ်ခုလို့ ပြောရလောက်အောင်ကိုထူးဆန်းလှပါတယ်။ အဆိုပါ ရောဂါကြောင့် ကလေးမေလေး၏လျှာမှာ အဆမတန်ကြီးထွားလို့နေပါတယ်။

ကလေးမလေး၏နာမည်ကတော့ ဇူလီယန်ခရု ဖြစ်ပါတယ်။ ကလေးမလေးအနေဖြင့် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ မိသားစုနှင့်အတူနေထိုင်လျက်ရှိပါတယ်။ သူမရဲ့အမေကတော့ မေရီဖြစ်ပြီး အသက် ၂၃နှစ်ရှိပြီးဖြစ်ကာ အဖေကတော့ ဂယ်ရီဖြစ်ပြီး အသက် ၂၉ နှစ်ရှိပြီ ဖြစ်ပါတယ်။ သူမတို့ လင်မယားအနေဖြင့် ဇူလီယန်ခရုကို မွေးတုန်းက ထူးခြားနေတဲ့ နှုတ်ခမ်းကိုတွေ့ခဲ့ပြီး ဆရာဝန်တွေကို ပြောခဲ့ပါတယ်။ သို့သော် ဆရာဝန်တွေအနေဖြင့် ဒါက ပုံမှန်သာဖြစ်ပြီး စိုးရိမ်စရာမလိုကြောင်း ပြန်ဖြေခဲ့ပါတယ်။ သို့သော် နောက်ပိုင်းမှာတော့ ဇူလီယန်ခရု၏ လျှာက တဖြည်းဖြည်းကြီးထွားလာပါတယ်။  

ဆရာဝန်တွေကို ပြသခဲ့ရာမှာတော့ ဇူလီယန်ခရုက ရှားပါးရောဂါတစ်ခုဖြစ်တဲ့ lymphangioma ဟုအမည်ရတဲ့ ဝေဒနာကို ခံစားနေရတာပါ။ ထိုရောဂါကို ဇူလီယန်ခရုအနေဖြင့် မိခင်သားအိမ်ထဲမှာ ရှိကတည်းကခံစားနေခဲ့ရတာပါ။ အကယ်၍ အဆိုပါရောဂါကို မခွဲစိတ်ရင် ဇူလီယန်ခရု၏အသက်ကိုတောင် ဆုံးပါးသွားစေနိုင်တယ်လို့ ဆရာဝန်တွေက ဆိုခဲ့ပါတယ်။ ဒါ့ကြောင့် ပိုက်ဆံဆင်းရတဲ့ ဇူလီယန်ခရု၏မိဘတွေအတွက် ဇူလီယန်ခရုကို ခွဲစိတ်ဖို့ငွေမရှိတာမို့ ရုန်းကန်ခဲ့ရပါတယ်။ သို့သော် ကံကောင်းထောက်မစွာဖြင့် ပရိဟိတအဖွဲ့အချို့၏ အလှူငွေကြောင့် ဇူလီယန်ခရုကို ဆေးကုသမှုအချို့လုပ်ပေးနိုင်ခဲ့ပေမယ့် ယနေ့အချိန်ထိတော့ ထိရောက်တဲ့ခွဲစိတ်မှုကြီးမပြုလုပ်နိုင်သေးဘူးလို့လည်းသိရပါတယ်။  

SOURCE - EXPRESSDIGEST

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။