အဒေါ်ကို အားပေးသလို တူမကိုလည်း အားပေးမှာလား ဆိုတဲ့ ထက်ထက်မိုးဦးရဲ ့တူမ နန်းထက်ထက်ဦး

အနုပညာလောကနဲ ့မစိမ်းဘဲ ကြော်ငြာတစ်ခေတ်ထူထောင်နိုင်ခဲ့တဲ့ ရုပ်ရှင်မင်းသမီး အကယ်ဒမီ ထက်ထက်မိုးဦးရဲ ့တူမဖြစ်သူ နန်းထက်ထက်ဦး ကတော့

သရုပ်ဆောင်လောကကို ဝင်ရောက်လာပါပြီ ။

အဒေါ်ဖြစ်သူလို သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်အောင်ကြိုးစားမယ့် နန်းထက်ထက်ဦးက အသက် ၁၇ နှစ်သာ ရှိပါသေးတယ် ။ သူမဟာ Miss

ပြိုင်ပွဲတွေပြိုင်တော့ Title ဆုတွေရခဲ့ပါတယ် ။

ဒါကြောင့် အဒေါ်ဖြစ်သူ ထက်ထက်မိုးဦးက ဝါသနာပါရင် သရုပ်ဆောင်လုပ်ကြည့်ရန်အကြံပေးမှုကြောင့် သရုပ်ဆောင်အလုပ်ကို စတင်ဖြစ်ခဲ့သူပါ ။

အဒေါ်ဖြစ်သူက အစစအရာရာသင်ကြားပေးတယ်လို ့သူမက ဆိုပါတယ် ။ အဒေါ်ဖြစ်သူနှင့် စကားဝဲတာခြင်းတူသောကြောင့် Dialogue တွေကို ပီပီသသပြောတတ်အောင် စကားလုံးတွေ တစ်လုံးနဲ ့တစ်လုံး ကွဲအောင်ပြောဖို ့ကို ဒေါ်လေးက အကုန်သင်ပေးကြောင်းလည်းပြောပါတယ်။

ဆက်လက်ပြီးတော့ နန်းထက်ထက်ဦးက အဒေါ်ဖြစ်သူရဲ ့ချက်ချင်းပြုံးနေရာက ငိုဆို ချက်ချင်းငိုနိုင်တာကို အရမ်းသဘောကျတယ်လို ့ဆိုပါတယ် ။ အဒေါ်ဖြစ်သူနဲ ့ညီအစ်မလိုနေပြီး ခုရိုက်မယ့် ရုပ်ရှင်နဲ ့ပတ်သက်ပြီး အဝတ်အစား မိတ်ကပ် ဆံပင်က အစ ဒေါ်လေးပဲ စီစဉ်ပေးတယ်လို ့ပြောပါတယ်။ အခုရိုက်ကူးမည့်

ရုပ်ရှင်ကတော့ ခုမှစသရုပ်ဆောင်မှာဖြစ်တဲ့အတွက် သူမအနေနဲ ့နည်းနည်းကြောက်ကြောင်းနဲ ့တာဝန်ကြီးကြောင်း အကောင်းဆုံးသရုပ်ဆောင်သွားမယ်လို ့ဆုံးဖြတ်ထားကြောင်း ဆိုပါတယ် ။ ပရိသတ်တွေက ထက်ထက်မိုးဦးရဲ ့တူမဆိုပြီး စိတ်ဝင်တစားမျှော်လင့်ထားကြတဲ့အတွက် သရုပ်ဆောင်ကောင်း

တစ်ယောက်ဖြစ်အောင်ကြိုးစားသွားပါမယ်လို ့ နန်းထက်ထက်ဦးက ပြောသွားခဲ့ပါတယ် ။

Source: Myanmar Celebrities

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။