ပြည်တွင်းစည်ကားတဲ့ပွဲတော်တွေထဲမှာ မြန်မာ့မဟာဘုံကထိန်ပွဲတော်ကတော့ တစ်ခုအပါအဝင်ပဲဖြစ်ပါတယ်။ နှစ်စဉ်ပြုလုပ်ကျင်းပခဲ့တဲ့ပွဲတစ်ခုဖြစ်သလို ပြည်တွင်းတိုင်းဒေသကြီးအနှံ့တွင်လည်း သူမတူတဲ့ပုံစံမျိုးစုံနဲ့ ပြုလုပ်လေ့ရှိတာတွေ့ရပါတယ်။ အဆိုပါ ကထိန်လှည်လည်မှုတွေထဲမှာ စည်စည်ကားကား ပြုလုပ်ခဲ့တဲ့ ကျောင်းမဟာဘုံကထိန်မြင်ကွင်းပတော့ ပရိသတ်တွေကြားရေပန်းစားခဲ့တာတွေ့ရပါတယ်။

အဆိုပါ ဘုံကထိန်ပွဲကတော့ မနေ့ကနိုဝင်ဘာလ ၁၀ရက်နေ့မှာပြုလုပ်ခဲ့တာဖြစ်ပြီး မြန်မာ့ယဉ်ကျေးမှုပုံစံစစ်စစ်နဲ့ပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။ ၎င်းဘုံကထိန်ပွဲကို ရန်ကုန်တိုင်းဒေသကြီး အိမ်မဲမြို့မှစိုးစိုးကိုယ်ပိုင်ကျောင်း ကထိန်လှည့်ပွဲလေးတစ်ခုပဲဖြစ်ပါတယ်။ 

ကြည်နူးစရာကောင်းတဲ့မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေထဲက တစ်ခုဖြစ်သလို မြန်မာ့လူမျိုးတိုင်းရဲ့ အလှအပအစစ်တွေကိုတွေ့မြင်ရတဲ့ ပွဲတစ်ခုလည်းဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် မနေ့က ကြည်နူးစရာတွေ့မြင်ရတဲ့ မြန်မာ့မဟာဘုံကထိန်ပွဲပုံရိပ်တွေကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

photos . မာံသုခ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။