ပရိသတ်ကြီးကို ဒီတစ်ခါဖော်ပြပေးချင်တာကတော့ အိန္ဒိယနိုင်ငံရဲ့ ပိုင်နက်ထဲမှာရှိတဲ့ ကျွန်းလေးတစ်ကျွန်းအကြောင်းပဲ ဖြစ်ပါတယ်။ ဒီကျွန်းလေးမှာ နေထိုင်တဲ့ သူတွေဟာဆိုရင် လူရိုင်းတွေ ဖြစ်ကြပြီး အိန္ဒိယအစိုးရကတော့ ဒီကျွန်းလေးရဲ့ ပတ်လည် ၃မိုင်အကွာကို ဘယ်သူမှ မသွားရောက်ဖို့ အမိန့် ထုတ်ပြန်ထားရပါတယ်။ ဒီလို အမိန့်ထုတ်ပြန်ရတဲ့ အကြောင်းအရင်း များစွာ၇ှိနေလို့ ပါ၊ 

ဆန်တီးနက်စ် (Sentinelese) လို့ခေါ်တဲ့ဒီကျွန်းလေးပေါ်မှာ နေထိုင်ကြတဲ့ တိုင်းရင်းသားမျိုးနွယ်စုတွေဟာ ပြင်ပမှလာရောက်သူများကို အစွန်းရောက်သည့် ဆက်ဆံမှုများပြုလုပ်ကြကာ လက်ခံလေ့မရှိကြပါဘူး ။ သူတို့နဲ့ ပတ်သတ်ပြီး သမိုင်းအထောက်အထားများတွင်လည်း ဒီလူမျိုးစုတွေဟာ ကျွန်းပေါ်ရောက်လာတဲ့ လူမှန်သမျှကို သတ်ဖြတ်ပြီး စားသောက်ပစ်ကြတယ်လို့ မာကိုပိုလိုရဲ့မှတ်တမ်းမှာ တွေ့ရျိဖူးပါတယ်။ 

ဒီလူမျိုးစုတွေဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၆၀၀၀၀ကျော်လောက်ကတည်းက ပြင်ပကမ္ဘာနဲ့ အဆက်အသွယ်ပြတ်နေတာ ဖြစ်ပြီး သူတို့ဘာသာ သူတို့ သီးခြားနေထိုင်ကြသူတွေလည်း ဖြစ်ပါတယ်။ ၂၀၁၂ခုနှစ်တုန်းကဆိုရင် ဒီကျွန်းလေးကို ရောက်ရှိသွားတဲ့ သူတစ်ဦးဟာ လည်ပင်းတွင်လှံထိုးခံရပြီး ကျွန်းပေါ်မှာ ေသေဆုံး နေကြောင်းတွေ့ရှိခဲ့ကြတယ်လို့ သတင်းများလည်း ထွက်ခဲ့ပြီးနောက်ပိုင်းမှာတော့ အစိုးရက ဒီကျွန်းလေးကို တားမြစ်နယ်မြေ အဖြစ်ပြုလုပ်ခဲ့ပါတော့တယ်။  

Source : Thuta Swal Sone Magazine 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။