နိုဝင်ဘာ ၁၀ ရက်နေ့က ရုရှားနိုင်ငံ စိန့်ပီတာစဘတ် မြို့လယ်က စူပါမားကက်တစ်ခုအကြီးအကျယ်မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အဆိုပါ စူပါမားကက်ဟာ အစားအသောက် လက်လီရောင်းတဲ့ လန်တာအမည်ရှိ စူပါမားကက်တစ်ခုဖြစ်ပြီးမီးအကြီးအကျယ်လောင်မှုကြောင့် အမိုးပြိုကျမှုအထိဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အဆိုပါမီးလောင်မှုကတော့မနက် ၈ နာရီခွဲအချိန်မှာစတင် လောင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ 

ကယ်ဆယ်ရေးဌာနက လူတွေကို စူပါမားကက်ရှိရာ ကုန်တိုက်တန်းကနေ ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့တယ်လို့ စိန့်ပီတာစဘတ် အရေးပေါ် ဝန်ကြီးဌာနက ပြောပါတယ်။နာရီအနည်းငယ်အကြာမှာ မီးကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။အဆိုပါ စူပါမားကပ်ဟာ တပတ်ကို ၇ ရက်၊ ၂၄ နာရီ အမြဲဖွင့်တဲ့ စူပါမားကက်ဖြစ်ပြီး မီးလောင်ရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေတယ်လို့ လန်တာ စူပါမားကက်မျတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လအတွင်းကလည်း ရုရှားနိုင်ငံ ဆိုက်ဘေးရီးယားက ကုန်တိုက်တန်းမှာမီးလောင်မှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အဆိုပါမီးဘေးကြောင့် ဈေးဝယ်သူ အယောက် ၆၀ ကျော် သေဆုံးခဲ့ရဖူးတယ်လို့သိရပါတယ်။ 

သတင်းအရင်းအမြစ် - DVB 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။