အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ နောက်လာမည့်ရွေးကောက်ပွဲနဲ့ပတ်သတ်ပြီး အဆိုးမြင်မှုတွေများစွာရရှိနေတဲ့ သမ္မတတစ်ဦးပဲဖြစ်ပါတယ်။

သူ့ကိုမထောက်ခံကြဖို့ လှုံဆော်နေသူတွေထဲမှာ ကမ္ဘာကျော်အနုပညာရှင်တွေလည်းပါဝင်လို မနေ့ကဆိုရင်လည်း ပြင်သစ်နိုင်ငံမှာ အမျိုးသမီးတော်တော်များများက အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကို ဆန္ဒပြခဲ့ပါတယ်။  

ထိုအမျိုးသမီးတွေကတော့ သူမတို့မရဲ့အပေါ်ပိုင်းကိုဗလာကျင်းထားပြီး ရင်ဘတ်မှာ ငြိမ်းချမ်းရေးတမန်အတု လို့ရေးထိုးထားတာကိုတွေ့ရပါတယ်။

အခုလို ဗလာကျင်းထားတဲ့ပုံစံနဲ့ အမျိုးသမီးတွေဟာပြင်သစ်နိုင်ငံပါရီရိပ်သာလမ်းအတိုင်းမောင်းနှင်လာတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ယာဉ်တန်းဆီပြေးဝင်ဆန္ဒပြခဲ့တာပဲဖြစ်ပါတယ်။

၎င်းအမျိုးသမီးတွေဆန္ဒပြနေတာကို မှတ်တမ်းတင်ထားတဲ့ဗီဒီယိုထဲမှာဆိုရင်လည်း အမျိုးသမီးတစ်ယောက်ကို ရဲဝန်ထမ်းသုံးယောက်လောက်က ချုပ်နှောင်ဖမ်းဆီးခဲ့တာကိုတွေ့ရပါတယ်။

ဒါ့အပြင် အခုလိုဆန္ဒပြမှုဟာ ပထမကမ္ဘာစစ် ပြီးဆုံးတဲ့ နှစ် 100 ပြည့်အခမ်းအနား မကျင်းပမီဖြစ်ပေါ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။  

source - mise news

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။