မော်လ်ဒယ်သရုပ်ဆောင်မင်းသမီးချော စမိုင်းလ်ကတော့ အနုပညာလောကမှာ ပရိသတ်တွေရဲ့ အချစ်တွေကို ရရှိထားသလို ကြည်နူးပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးကိုလည်း ပိုင်ဆိုင်ဖြတ်သန်းနေသူပဲ ဖြစ်ပါတယ်..။ နှစ်အတော်ကြာ အနုပညာအလုပ်တွေကို ရပ်နားထားတဲ့ စမိုင်းလ်ကတော့ ပြီးခဲ့တဲ့ မကြာသေးမီကမှ အနုပညာလောကထဲကို ပြန်လည်ဝင်ရောက်လာခဲ့ပြီး ပရိသတ်အချစ်တွေကို ထပ်မံပြန်လည်ရရှိထားသူဆိုလည်း မမှားပါဘူး..။  

အနုပညာမျိုးရိုးက ဆင်းသက်လာသူဖြစ်သလို အဖွားဖြစ်သူဒေါ်ခင်လေးဆွေရဲ့ အမွေကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့သူမြေးတစ်ယောက်လည်းဖြစ်ပါတယ်။ ဒီကနေ့ စမိုင်းလ်ကတော့ အဖွားဖြစ်သူဒေါ်ခင်လေးဆွေနဲ့အတူရိုက်ကူးထားတဲ့ပုံရိပ်လေးတွေကို ပြသထားပြီး ကြည်နူးစရာမြင်ကွင်းလေးတစ်ခုကိုတော့ ပရိသတ်တွေတွေ့မြင်ရမှာပဲဖြစ်ပါတယ်။  

အဆိုပါ ပုံရိပ်လေးတွေမှာတော့ မြန်မာဆန်ဆန်အလှနှင့် ချစ်စရာကောင်းနေတဲ့ မြေးအဖွားနှစ်ယောက် ရဲ့ ချစ်စရာအပြုံးတွေကို ပရိသတ်တွေလည်း တွေ့မြင်ရမှာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေကို အပြုံးတွေကူးစက်သွားနိုင်မယ့် ဒီကနေ့ စမိုင်းလ်နှင့် ဒေါ်ခင်လေးဆွေတို့ မြေးဖွားနှစ်ယောက်ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်။

Photos - Smile

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။