လူငယ်တွေဟာ ခေတ်ရေစီးကြောင်းအလိုက် ဖက်ရှင်ကျလှပတဲ့ စမတ်ဖုန်း ဒီဇိုင်းဆန်းတွေကို အပြိုင်အဆိုင် ကိုင်ဆောင်နေကြပြီပဲ ဖြစ်ပါတယ်။ စမတ်ဖုန်းလောကကို ဦးဆောင်ထုတ်လုပ်နေတဲ့ OPPO ဟာ ဒီတစ်ခါမှာလည်း အနုပညာဆန်တဲ့ 3D မှန်သားပုံစံဒီဇိုင်းနဲ့ OPPO A7 ကို ဖန်တီးလိုက်ပါတယ်။ OPPO A7 စမတ်ဖုန်းရဲ့ 3D မှန်သားပုံစံနောက်ခံကို Grain Pattern နဲ့ ပေါင်းစပ်ဖန်တီးထားတဲ့အတွက် နုညက်ချောမွေ့တဲ့ ခံစားမှုအထိအတွေ့ကို ပေးစွမ်းနိုင်မယ်ဆိုတာ အသေအချာပါပဲ။

OPPO A7 ရဲ့ 3D မှန်သား ဒီဇိုင်းက ကွေးပြီးသွားတဲ့အတွက် ပါးလွှာပေါ့ပါးမှု၊ သက်တောင့်သက်သာရှိမှုနဲ့ ညက်ညောမှုတို့ကို OPPO A7 ကိုင်ထားတဲ့အချိန်မှာ သိသိသာသာ ခံစားရမှာ ဖြစ်ပါတယ်။ 3D မှန်သားပုံစံ နောက်ခံ ဒီဇိုင်းမှာ ဒေါင်လိုက်စင်းတွေ ပါဝင်တဲ့ မျက်နှာပြင်ဖြစ်တာကြောင့် အဆင့်မြင့်စမတ်ဖုန်းတစ်လုံး ဖြစ်တယ်ဆိုတာကလည်း အသေအချာပါပဲ။ အနုပညာဆန်တဲ့ 3D မှန်သား ဒီဇိုင်းက ပုံမှန်စမတ်ဖုန်း ဒီဇိုင်းတွေထက် အမြင်အာရုံကို ညှို့ယူဖမ်းစားနိုင်တဲ့အတွက် ဖုန်းအသုံးပြုသူကို ကျက်သရေရှိတဲ့ ဟန်ပန်ရရှိစေနိုင်ပါတယ်။

စတိုင်ကျတဲ့ စမတ်ဖုန်းကို ကိုင်ချင်ရင်ပဲဖြစ်ဖြစ်၊ တည်ငြိမ်ရင့်ကျက်တဲ့ ဟန်ကို ဖော်ပြချင်ရင်ပဲဖြစ်ဖြစ် လိုချင်ရင်ပဲဖြစ်ဖြစ် ကိုယ့်ရဲ့ပင်ကိုစရိုက်နဲ့ လိုက်ဖက်မယ့် Glaze Blue နဲ့ Glaring Gold အရောင်တွေထဲက ကြိုက်နှစ်သက်ရာကို နှစ်သက်သလို ရွေးချယ်နိုင်မှာပါ။ ထူးခြားလှပဆွဲဆောင်မှုရှိတဲ့ ဒီဇိုင်းအပြင် ကြီးမားတဲ့ 4,230m Ah အားရှိတဲ့ ဘက်ထရီလည်း ပါဝင်တာကြောင့် ဂိမ်းကစားရင်း အားအကုန်မြန်လို့ စိတ်ညစ်ရတဲ့အခါတွေ ခရီးသွားချိန် အားသွင်းဖို့ အခက်အခဲဖြစ်တဲ့အခါတွေအတွက် OPPO A7 က အသင့်တော်ဆုံးပဲ ဖြစ်ပါတယ်။ သူငယ်ချင်းတွေ၊ မိသားစုဝင်တွေနဲ့ အမှတ်တရ ဓာတ်ပုံရိုက်ရင်လည်း သဘာဝဆန်ဆန် လှပတဲ့ရုပ်ထွက် ရရှိစေမယ့် AI Beauty 2.0 ကင်မရာလည်းပါဝင်မှာပါ။ ဒီလိုဖက်ရှင်ကျလှပတဲ့ ဒီဇိုင်းကာလာ ကြာရှည်ခံတဲ့ ဘက်ထရီအနေအထားတွေနဲ့ OPPO A7 မှာ ဘယ်လိုထူးခြားမှုတွေပါဝင်လာဦးမယ်ဆိုတာကို OPPO Myanmar ကနေ မကြာခင်သိရှိရမှာဖြစ်လို့ ဆက်လက်စောင့်မျှော် အားပေးကြပါဦးနော်။  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။