ကမ္ဘာ့နိုင်ငံအသီးသီးကလေးစားအားကျနေရတဲ့ မြန်မာ့ကိုယ်စားပြု One Championship (MMA) ကမ္ဘာ့ချန်ပီယံကြီး အောင်လအန်ဆန်းရဲ့အောင်မြင်မှုကို အားလုံးလည်း ကြားသိကြမယ်ထင်ပါတယ်။ ပွဲကောင်းများစွာကို ဖန်တီးထိုးသတ်ခဲ့ပြီး ကမ္ဘာ့နိုင်ငံအသီးသီးက လက်ဝှေ့သမားများစွာရဲ့ လေးစားမှုကို ရရှိထားတဲ့သူတစ်ယောက်ဆိုလည်း မမှားပါဘူး။ အောင်လကတော့ စင်္ကာပူနိုင်ငံမှာချီးမြှင့်ခဲ့တဲ့ ကမ္ဘာ့အကောင်းဆုံး လက်ဝှေ့ကစားသမားဆုနှင့် အကောင်းဆုံးပွဲဆုတို့ကို ရရှိခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။  

အဆိုပါ အကောင်းဆုံးပွဲဆုကိုတော့ ဂျပန်ဖိုက်တာ ခန်ဟစဲဂါဝါနှင့် ထိုးသတ်ခဲ့တဲ့ပွဲမှာရရှိခဲ့တာဖြစ်ပြီး အခြားခြားသောပွဲကောင်းများစွာရဲ့ ရလဒ်တွေကိုလည်း ပရိသတ်တွေအားကျခဲ့မယ်ထင်ပါတယ်။ မကြာသေးမီက One Championship အဖွဲ့ကြီးကအောင်လအန်ဆန်းမအတွက် အကောင်းဆုံးပွဲအဆုံးသတ်ဗီဒီယိုဖိုင်လေးကို ပြသလိုက်တာတွေ့ရပါတယ်။  

အဆိုပါဗီဒီယိုဖိုင်လေးကတော့ အောင်လရဲ့ အကောင်းဆုံးပွဲ ၇ပွဲရဲ့ အဆုံးသတ်တွေကိုရွေးချယ်ပြသလိုက်တာဖြစ်ပြီး ပရိသတ်တွေအားလုံးလည်း ကြည့်ရှု့ကျေနပ်မိကြမယ်ထင်ပါတယ်။ မြန်မာ့ကိုယ်စားပြုကမ္ဘာ့ချန်ပီယံကြီးရဲ့ အကြိုက်ဆုံးတိုက်ကွက်တွေကို အသုံးပြုခဲ့တဲ့ အဆိုပါ ဗီဒီယိုဖိုင်လေးကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

Photos - Aung La Nsang

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။