ရခိုင်ပြည်နယ်လို့ဆိုလိုက်တာနဲ့ လူမျိုးရေးဘာသာရေးအရထိလွယ်ရှလွယ်ပြသာနာထုတွေ အကြမ်းဖက်မှုတွေလူ့အဖွဲ့အစည်းနှစ်ခုအကြားကွာဟမှုတွေက ကမ္ဘာသိမြန်မာသိဖြစ်ရပ်တွေဖြစ်လာခဲ့ပါတယ် ။ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမည်မျှခက်ခဲမည်ဆိုသည်ကိုရခိုင်ပြည်နယ်အတွင်းလုံခြုံရေးယူထားသူများပါ အသက်အန္တရယ်ထိပါးခံခဲ့ရတဲ့အခြေအနေများကသက်သေပြနေပါတယ် ။ ထိုသို့ ရခိုင်လူမျိုးများနှင့် ဘင်္ဂါလီများကြားထူးခြားသောဆက်ဆံရေးတစ်ခုကို တည်ဆောက်နိုင်ခဲ့သော ရခိုင်လူမျိုးစစ်စစ် ဆရာဝန်မလေးတစ်ယောက်ကတော့ တကယ့်ကို စံပြုထားထိုက်သူပါ ။

မောင်းတောမြို့ဇာတိ ရခိုင်တိုင်းရင်းသူဖြစ်တဲ့ သူမဟာ ဘူးသီးတောင်ဆေးရုံမှာ ဆရာဝန်အဖြစ်လုပ်ကိုင်သူပါ ။ ဆရာဝန်ပီသတဲ့သူမဟာ ဘဂါင်္လီအမျိုးသမီးတွေအတွက်အားကိုးအားထားစရာတစ်ယောက်လဲဖြစ်နေပါတယ် ။ လူနာအတွက်ဆို လုံခြုံရေးအတွက်အန္တရယ်ရှိနေနိုင်တဲ့ ဘဂါင်္လီကျေးရွာများအထိပါ သွားရောက်ပြီးဆေးကုသပေးသူလဲဖြစ်ပါတယ် ။ ဘဂါင်္လီများကိုယ်တိုင်က "ဆရာမကတော်တယ်" လို့ မှတ်ချက်ပြုခံရသူတစ်ဦးဖြစ်ပါတယ် ။ ရခိုင်-ဘင်္ဂါလီမခွဲ ဆေးကုသပေးနေသူဆရာဝန်များထဲမှာ ဒေါက်တာခင်သူဇာကတော့ ရခိုင်မှာမွေး ၊ ရခိုင်မှာကြီးပြီး ၊ ရခိုင်ပြည်နယ်ကို သူတတ်တဲ့ပညာနဲ့အလုပ်အကျွေးပြုနေသူတစ်ယောက်လဲဖြစ်ပါတယ် ... ထိုသို့လူမျိုးဘာသာမခွဲခြားဘဲ စေတနာထားကုသနိုင်ရန်အတွက် သူမရဲ့သဘောထားနဲ့ပါတ်သတ်ပြီး ‘‘လူနာကို လူနာလို့မြင်လိုက်ရင် အားလုံးအဆင်ပြေသွားတယ်’’ လို့ဆိုပါတယ် ။

ဘင်္ဂါလီများမှာကျန်းမာရေးစောင့်ရှောက်မှုခံယူတဲ့နေရာမှာအားနည်းချက်များရှိတဲ့အတွက် ကုသမှုရလဒ်မကောင်းခဲ့ရင်တော့ စိတ်မကောင်း ဖြစ်ရတယ်လို့လဲ သူမကဆိုပါတယ် ။ ‘ရခိုင်ကွန်မြူနတီပဲဖြစ်ဖြစ်၊ ဘင်္ဂါလီကွန်မြူနတီပဲဖြစ်ဖြစ် သားဖွားမီးယပ်အနေနဲ့ပြောရရင် ကျွန်မတို့ အဓိက ရည်ရွယ်ချက်က အမေမသေဖို့၊ ကလေးမသေဖို့ပဲ’’ လို့ဆိုတဲ့ ဒေါက်တာခင်သူဇာဟာ မွန်မြတ်တဲ့စိတ်ထားနဲ့ ဆရာဝန်ပီသမှုတွေကြောင့် 7Day သတင်းစာကပေးအပ်တဲ့ သူရဲကောင်းဆုကိုရရှိခဲ့ပါတယ် ။

Source : 7daynews 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။