ကိုးတန်းကျောင်းသူတစ်ဦး ခိုးရာလိုက်ပြေးပြီးနောက် တည်းခိုခန်းတွင်ချန်ထားခံရ၍ ကိုယ့်ကိုကိုယ် အဆုံးစီရင်မှုဖြစ်ပွား

ထိုဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို ့နယ်တွင်နေထိုင်သော အသက် ၃၀ အရွယ်အမျိုးသားသည် အသက် ၁၅ နှစ်အရွယ်သာရှိသေးသော နဝမတန်းကျောင်းသူကို ခိုးယူပေါင်းသင်းပြီးနောက် တည်းခိုခန်းတွင်ချန်ထားခဲ့သဖြင့် ကျောင်းသူမှာ ကိုယ့်ကိုကိုယ်သေကြောင်းကြံစည်ခဲ့ခြင်းဖြစ်သည်ဟု ပြည်မြို ့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

အဆိုပါရဲအရာရှိက “ယောက်ျားလေးဖြစ်သူက တည်းခိုခန်းမှာ လာတည်းခိုနေကြရင်း နှစ်ရက်မြောက်နေ ့မှာ ဘဏ်မှာ ပိုက်ဆံသွားထုတ်ဦးမယ်ဆိုပြီး ကောင်မလေးကို တစ်ယောက်တည်း တည်းခိုခန်းမှာ အပ်ထားခဲ့တယ်။

ကောင်လေးက သူ ့မှတ်ပုံတင်ကိုတော့ ထုတ်ယူသွားတယ်။ မနက်ကတည်းက ထွက်သွားတာ ညနေအထိပြန်မလာတော့တဲ့အခါ ရှောင်သွားတဲ့

သဘောမျိုးဖြစ်သွားတယ်။ အဲ့ဒီမှာ မိန််းကလေးငယ်က သေကြောင်းကြံသွားတယ်” ဆိုပါသည်။

ပဲခူးတိုင်းဒေသကြီး ပြည်မြို ့အဝေးပြေးကားဂိတ်အနီးရှိ တည်းခိုခန်းတွင် မတ်လ ၅ ရက်နေ ့က လာရောက်တည်းခိုခဲ့ပြီး မတ်လ ၆ ရက်နေ ့ညနေတွင်

မိမိကိုယ်ကို သေကြောင်းကြံခဲ့သည် ့ကျောင်းသူသည် ပြည်ဆေးရုံ၌ ည ၁၂ နာရီခန် ့တွင် ကွယ်လွန်ခဲ့ပါသည်။ ရဲစခန်းမှ ပြောကြားချက်အရ

သေကြောင်းကြံစည်သူသည် ကိုကာကိုလာအချိုရည်တွင် ဓါတ်ဆီများရောထည့်၍ သောက်ခြင်း ဝဲဘက်လက်ကောက်ဝတ်ကို ကိုကာကိုလာဘူးခွံသတ္တုစဖြင့် လှီးဖြတ်ကာ သေကြောင်းကြံစည်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ ထိုကဲ့သို ့ အသက်မပြည့်သေးသော မိန်းကလေးကို ခိုးယူပေါင်းသင်းသော အမျိုးသားသည် ထွက်ပြေးတိမ်းရှောင်နေ၍ ဖမ်းဆီးရမိရန်အတွက် ဆောင်ရွက်နေပြီး ထန်းတပင်မြို ့နယ် တော်လတဲ့နယ်မြေရဲစခန်းတွင် ရာဇသတ်ကြီး ပုဒ်မ ၃၆၃ / ၃၇၆ ဖြင့်အမှုဖွင့် အရေးယူထားကြောင်းလည်း သိရှိရသည်။

ပြည်မြို ့နယ် ရဲတပ်ဖွဲ ့မှ ရဲအရာရှိတစ်ဦးက “ကောင်မလေးသေဆုံးသွားတာကိုတော့ ပြည်ရဲစခန်းမှာ သေမှုသေခင်းပဲဖွင့်ခဲ့တယ်။ ကောင်မလေးရဲ ့အစ်ကို ဖြစ်သူနဲ ့ အဆက်အသွယ်ရပြီး လိုက်လာတဲ့အခါ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလကတည်းက ကောင်မလေးကို ခိုးယူပေါင်းသင်းသွားတယ်။ ကောင်လေးကို မတ်လ ၂

ရက်နေ ့ကတည်းက အသက်မပြည့်သူကို ခိုးယူပေါင်းသင်း မှု ရာဇသတ်ကြီး ပုဒ်မ ၃၆၃ နဲ ့တော်လတဲ ့ရဲစခန်းမှာ အမှုဖွင့်ပြီးသားပါ ။ မိသားစုတွေက လိုက်လံစုံစမ်းဆဲမှာပဲ ဒီလိုဖြစ်ရပ်မျိုးဖြစ်သွားတယ်။ စခန်းက ရဲမေတွေရော လူမှုကူညီမှု အသင်းတွေရော ဆေးရုံရော စုပေါင်းပြီး ဂရုစိုက် ကယ်တင်ပေမယ့် မရခဲ့ဘူး။ ငယ်ရွယ်တဲ ့မိန်းကလေးတွေ စိတ်ကစားတိုင်းစိတ်အလိုမလို်က်ကြဖို ့သင်ခန်းစာပါပဲ” ဟုပြောကြားသွားပါသည်။

Source: 7days 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။