နိုဝင်ဘာလ ၁ရက်နေ့ ဒီလမှာထွက်ရှိခဲ့တဲ့ အကြိမ်(၂၀)မြောက် အောင်ဘာလေထီ ကျပ်သိန်းတစ်သောင်းဆုမဲနံပါတ်မှာ (သ-၃၅၉၇၇၃)ဖြစ်ပြီး ပဲခူးမြို့၊ မြို့သစ်(င)ရပ်ကွက် မြို့ ပတ်တာလမ်းနေ ဦးစိန်ထွန်းနှင့် ဒေါ်ဒေါင်းမိသားစုက ဆွတ်ခူးရရှိခဲ့တဲ့ သတင်းကိုတော့ အားလုံးလည်း ကြားသိခဲ့ကြမယ်ထင်ပါတ်ယ။ ဆင်းရဲတဲ့ဘဝမှာ ဘဝရဲ့ တဆစ်ချိုးပြောင်းလဲချိန်အဖြစ်ရောက်ရှိခဲ့ပြီး ကြည်နူးပျော်ရွှင်မှုများစွာကိုလည်း ပိုင်ဆိုင်ခဲ့ရတာတွေ့ရပါတယ်။ အဆိုပါ အဖွား၊အဘိုးလင်မယားနှစ်ယောက်ကတော့ ထီပေါက်ဆုငွေတွေထဲမှ လက်ရှိအလှူကြီးတစ်ခုကို ပြုလုပ်ခဲ့တာတွေ့ရပါတယ်။  

သိန်းတစ်သောင်းဆုကံထူးခဲ့တဲ့ ပဲခူးမြို့နေ ဦးစိန်ထွန်း+ဒေါ်ဒေါင်းမိသားစုက ပဲခူးမြို့အခြေစိုက် ချုပ်ငြိမ်းရာနာရေးကူညီမှုအသင်းကို ကျပ်သိန်း ၁၅၀ လှူဒါန်းခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ကျပ်သိန်း (၁၅၀) ကတော့ ပဲခူးမြို့အခြေစိုက် ချုပ်ငြိမ်းရာနာရေးကူညီမှုအသင်းမှာ အဓိကအသုံးပြုမည့် နာရေးကားဝယ်ယူရန်လှူဒါန်းခဲ့တာဖြစ်ကြောင်း သိရပါတယ်။ 

အဆိုပါ အလှူငွေကို မနေ့က နိုဝင်ဘာလ ၁၃ရက်နေ့မှာ ကိုယ်တိုင်လှူဒါန်းခဲ့ကြတာဖြစ်ပြီး ကြည်နူးစရာမြင်ကွင်းပုံရိပ်တွေကိုတော့ အားလုံးလည်းတွေ့မြင်နေကြမယ်ထင်ပါတယ်။ နိုဝင်ဘာလရဲ့ ကျပ်သိန်းတစ်သောင်းဆုရှင်ဦးစိန်ထွန်းနှင့် ဒေါ်ဒေါင်းမိသားစုရဲ့ အလှူကို ချစ်ပရိသတ်တွေ သာဓုခေါ်ဆိုနိုင်ရန်မျှဝေပေးလိုက်ပါတယ်။

pHOTOS - KO SOE AUNG

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။