ရုပ်ရှင်သရုပ်ဆောင် ကျော်ကျော်ဗိုကတော့ တစ်ခြားသရုပ်ဆောင်တွေနဲ့မတူဘဲ သူရဲ့ဇာတ်ရုပ်ကို ထူးခြားစွာထုတ်ဖော်ပြသတတ်သူ ဖြစ်ပါတယ်။ သဘင်မျိုးရိုးကနေ ဆင်းသက်လာတဲ့ ကျော်ကျော်ဗိုက ဇာတ်မင်းသားတစ်ဦးအဖြစ်လည်း ဇာတ်သဘင်လောကမှာ ကျင်လည်ခဲ့ပါတယ်။ ကျရာဇာတ်ရုပ်မရွေး အကောင်းဆုံးသရုပ်ဆောင်နိုင်အောင် ဖန်တီးတတ်တဲ့ ကျော်ကျော်ဗိုက အခုလည်း အံ့အားသင့်လောက်တဲ့ ပြောင်းလဲမှုတစ်ခုကို ပြုလုပ်လိုက်ပါတယ်။

ယောက်ျားပီသပြီး တောင့်တင်းကျစ်လစ်တဲ့ ကြွက်သားတွေကို ပိုင်ဆိုင်ထားတဲ့ ကျော်ကျော်ဗိုက သူ့ကိုယ်သူ ဗိုက်ပူဝတုတ်တဲ့ ခန္ဓာကိုယ်ကြီးဖြစ်သွားအောင် ပြောင်းလဲယူလိုက်ပါတယ်။ ဒါကတော့ လာမယ့် ၂၀၁၉ မှာ ရိုက်ကူးမယ့် သူရဲ့ဇာတ်ကားအတွက် အခုလိုဝတုတ်တဲ့ပုံစံဖြစ်အောင် သူကိုယ်တိုင် ကျေကျေနပ်နပ်နဲ့ ဖန်တီးလိုက်တာပဲ ဖြစ်ပါတယ်။ လူတိုင်းအားကျအတုယူရလောက်တဲ့ body ကနေ စိတ်ပျက်ချင်စရာကောင်းတဲ့ body အဖြစ် ပြောင်းလဲလိုက်တဲ့ ကျော်ကျော်ဗိုရဲ့ဇာတ်ရုပ်အပေါ်တာဝန်ကျေမှုကတော့ အံ့အားသင့်စရာကောင်းလောက်ပါတယ်။

ကျော်ကျော်ဗိုက သူမကြာခင်ရိုက်ကူးတော့မယ့် ဇာတ်ရုပ်အတွက် အဆင်သင့်ဖြစ်နေကြောင်းကိုလည်း " စိန်ခေါ်နေတဲ့ဇာတ်ကောင် Character တိုင်းအတွက် " ရုပ် " ရော " နာမ် " ရော အဆင်သင့်ဖြစ်ဖို့ကြိုးစားနေတယ် ။ 2019 “ Memories Of Tomorrow “ အတွက် ကျွန်တော်အဆင်သင့်ဖြစ်ခါနီးပြီ " ဆိုပြီး ပြောပြထားတာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ပြောင်းလဲလိုက်တဲ့ ကျော်ကျော်ဗိုရဲ့ပုံရိပ်တွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Kyaw Kyaw Bo;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။