တေးရေး တေးဆို အဆိုတော် ညီမင်းခိုင်ကတော့ “နွယ်နီ” သီချင်းနဲ့ ပရိသတ်တွေရဲ့ ရင်ထဲရောက်ရှိလာခဲ့ပြီး ပြည်သူပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိထားသူပဲ ဖြစ်ပါတယ်..။

အနုပညာလောကမှာ အောင်မြင်မှုတွေအခိုင်အမာရရှိထားတဲ့ ညီမင်းခိုင်ကတော့ လတ်တလောမှာ ကျောင်းသွားရင်း ပျောက်သွားခဲ့တဲ့ ညီလေးဖြစ်သူအတွက် စိတ်ပူပြီးသောကရောက်နေတာ တွေ့ရပါတယ်..။

အသက်(၁၄) နှစ်အရွယ်သာရှိသေးတဲ့ ညီမင်းခိုင်ရဲ့ ညီလေးဖြစ်တဲ့ ရှစ်တန်းကျောင်းသားလေး မောင်မင်းသိန်းဇံဟာ မရမ်းကုန်းမြို့နယ် အ.လ.က(၈) မှာ ကျောင်းတက်ရောက်နေတာဖြစ်ပြီး နိုဝင်ဘာ(၁၄)ရက်နေ့မှာတော့ ကျောင်းဆင်းပြီးကတည်းက ပျောက်နေခဲ့ပါတယ်..။

ရန်ကုန်မှာ လည်လည်ဝယ်ဝယ် သိပ်မရှိသေးသလို အမြဲတမ်းအိမ်ပဲတန်းပြန်လာတတ်တဲ့ ညီမင်းခိုင်ရဲ့ တစ်ဝမ်းကွဲ ညီလေးကတော့ ကျောင်းဆင်းကတည်းက ပျောက်နေတာဖြစ်ပြီး ဘယ်ကိုမှလည်းတစ်ယောက်တည်း မသွားတတ်ဘူးလို့ ဆိုပါတယ်..။

ညီလေးဖြစ်သူ သွားလာတတ်တဲ့နေရာတွေ အားလုံးကိုရှာဖွေခဲ့ကြပေမယ့် အခုချိန်ထိ မတွေ့သေးတာမို့ ရဲစခန်းမှာလည်း လူပျောက်စာရင်းတိုင်ထားပြီး မိသားစုတွေအားလုံးလည်း စိတ်တွေပူကာ သောကရောက်နေကြတယ်ဆိုပြီးတော့လည်း ညီမင်းခိုင်းကပြောပြထားပါသေးတယ်.. ။

ညီလေးရဲ့ ဓာတ်ပုံလေးနဲ့အတူ "သူ့ကိုတွေ့ရင် ခေါ်ထားပေးကြဖို့ အားလုံးကိုမေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျ...ဒီဖုန်းနံပါတ်တွေကို ဆက်သွယ်ပေးကြပါဗျာ...

09421715843, 09250453233).."ဆိုပြီးတော့လည်း ညီလေးကို တွေ့ရင် အကြောင်းကြားပေးဖို့လည်း မိတ်ဆွေသူငယ်ချင်း ပရိသတ်တွေကိုလည်း မေတ္တာရပ်ခံထားပါသေးတယ်..။

Photo - ညီမင်းခိုင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။