ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားတဲ့ MRTV-4 မင်းသမီးချောလေးတွေထဲမှာ သရုပ်ဆောင်မင်းသမီးချောလေး နန်းစန္ဒာလှထွန်းကလည်း ပြည်သူ့အသည်းကျော် အချစ်တော်လေးပါပဲ..။

နန်းနန်းလို့ အားလုံးက ချစ်စနိုးခေါ်ကြသလို ဇာတ်လမ်းတွဲ တော်တော်များများမှာ ပါဝင်သရုပ်ဆောင်နေတဲ့ သရုပ်ဆောင်မင်းသမီးချောလေး နန်းစန္ဒာလှထွန်းကတော့ ချစ်စရာကောင်းတဲ့ သူမရဲ့ပုံရိပ်လေးတွေကြောင့်လည်း ပရိသတ်တွေက အမြဲအချစ်ပိုနေရတာ ဖြစ်ပါတယ်..။

ပရိသတ်တွေရဲ့ အချစ်တွေနဲ့ အားပေးဝန်းရံမှုတွေကို အခိုင်အမာရရှိထားတဲ့ ပြည်သူ့အသည်းကျော် နန်းနန်းလေးကတော့ လတ်တလောမှာ မွေးရပ်မြေ ရှမ်းပြည်နယ် တောင်ကြီးကိုရောက်ရှိနေပြီး တောင်ကြီးမီးပုံပျံ ဖွင့်ပွဲလေးကို သွားရောက်ခဲ့ပါတယ်တဲ့..။

တောင်ကြီးရောက်ရှိနေရင်း မတွေ့တာကြာပြီဖြစ်တဲ့ ဦးလေးဖြစ်သူ အဆိုတော်ဟန်ထွန်းနဲ့အတူ ဓာတ်ဖမ်းခဲ့ပြီး သူမတို့ တူဝရီးနှစ်ယောက်ရဲ့ ပုံလေးကို အမှတ်တရတင်ပြီး တူဝရီးတော်စပ်ကြောင်း ပရိသတ်တွေကို ပြောပြလိုက်တာပဲ ဖြစ်ပါတယ်..။

အခုတစ်ခါမှာလည်း နာမည်ကျော် အဆိုတော်ဟန်ထွန်းနဲ့ တော်စပ် ပတ်သက်မှုလေးကို ပရိသတ်တွေကို ပြောပြလာပြီး ဟန်ထွန်းနဲ့ သူမဟာ ဦးလေးနဲ့ တူမ တော်စပ်တာမို့ အနုပညာမျိုးရိုးက ဆင်းသက်လာသူလေးဆိုလည်း မမှားပါဘူးနော်..။

“တူအရီးနှစ်ယောက် တောင်ကြီးရောက်မှတွေ့ဖြစ်တယ် ...” ဆိုပြီး ဓာတ်ဖမ်းထားတဲ့ ပုံလေးတင်ပြီး ပြောပြလိုက်တာမို့ ရုပ်ချင်းဆင်းကြတဲ့ သူမတို့တူဝရီးနှစ်ယောက်ရဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေကလည်း သဘောကျနေကြတာ တွေ့ရပါတယ်..။

Photo - နန်းစန္ဒာလှထွန်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။