အဆိုတော် အာဘွိုင်းနဲ့ မင်းသမီးချောလေး မြတ်ရတနာကျော်တို့စုံတွဲလေးကတော့ တစ်ဦးကိုတစ်ဦး နားလည်မှုအပြည့်နဲ့ သာယာချမ်းမြေ့တဲ့မိသားစုဘဝလေးကို တည်ဆောက်ထားတဲ့ ဇနီးမောင်နှံလေးပဲ ဖြစ်ပါတယ်။ တစ်ချိန်အောင်မြင်ကျော်ကြားခဲ့တဲ့ သူတို့စုံတွဲလေးက အိမ်ထောင်ပြုပြီးနောက်ပိုင်းမှာ အနုပညာအလုပ်တွေ ရပ်နားခဲ့ပေမယ့် ပရိသတ်တွေကတော့ အားပေးချစ်ခင်နေဆဲ ဖြစ်ပါတယ်။ အခုဆိုရင်တော့ သူတို့နှစ်ဦးက ပထမဆုံးရင်သွေးလေးဖြစ်တဲ့ သမီးချောလေးကိုတောင် ပိုင်ဆိုင်နေရပြီဖြစ်ပါတယ်။

Scarlett Phyo Tun လို့အမည်ပေးထားတဲ့ သမီးချောလေးကတော့ ဖေဖေအာဘွိုင်းနဲ့ တစ်ထေရာတည်း ရုပ်တူတဲ့ အဖေတူသမီးလေးပဲ ဖြစ်ပါတယ်။ စက်တင်ဘာလ ၁၃ ရက်နေ့မှာ မွေးဖွားခဲ့တဲ့ သမီးလေးက အခုဆိုရင်တော့ အသက် ၂ လပြည့်သွားခဲ့ပြီ ဖြစ်ပါတယ်။ အသားဖြူဖြူ ပါးဖောင်းဖောင်းလုံးလုံးလေးနဲ့ အရမ်းချစ်စရာကောင်းတဲ့ သမီးလေးက အခုလည်း မေမေ မြတ်ရတနာကျော်နဲ့ အပြန်အလှန် ဆော့ကစားရင်း ပျော်ရွှင်နေတာ တွေ့ရပါတယ်။

မေမေမြတ်ရတနာကျော်ရဲ့ စနောက်မှုကို သမီးလေးက အသည်းယားစရာ အမူအရာလေးတွေနဲ့ ပြန်လည်တုံ့ပြန်နေပုံလေးက မြင်သူတိုင်း မချစ်ဘဲမနေနိုင်လောက် ချစ်မိသွားစေမှာ ဖြစ်ပါတယ်။ ဒီဗီဒီယိုလေးကိုတော့ ဖေဖေအာဘွိုင်းက "Missing my little Scarlett so much right now" ဆိုပြီး တင်ထားတာ တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မေမေနဲ့အတူတူ ဆော့ကစားနေတဲ့ Scarlett လေးရဲ့ ချစ်စရာဗီဒီယိုဖိုင်လေးကို အောက်မှာတင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Kyaw Phyo Tun;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။