ပရိသတ်တွေ အားကျချစ်ခင်ရတဲ့ အနုပညာရှင်ဆယ်လီစုံတွဲလေးတွေထဲမှာ မော်လ်ဒယ်သရုပ်ဆောင် မင်းသားချောလေး ကောင်းပြည့်နဲ့ မော်လ်ဒယ်မင်းသမီးချောလေး သန္တာဗိုလ်တို့စုံတွဲလေးကတော့ တကယ့်ကို နတ်ဖက်တဲ့ချစ်သူစုံတွဲလေးပါပဲ..။

အားလုံးက အားကျချစ်ခင်ရတဲ့ အသည်းကျော်စုံတွဲလေးကတော့ အမြဲကို ရိုမန်တစ်ဆန်တဲ့ ကြည်နူးစရာကောင်းတဲ့ စုံတွဲပုံရိပ်လေးတွေကြောင့်လည်း အားလုံးက အချစ်ပိုနေကြရတာဆိုလည်း မမှားပါဘူးနော်..။

လိုက်ဖက်ညီချစ်စရာကောင်းလွန်းတဲ့ သူတို့စုံတွဲလေးကတော့ အခုတစ်ခါမှာလည်း ကောင်းပြည့်တစ်ယောက် သူ့ရဲ့ ချစ်သူလေး သန္တာဗိုလ်ကို ကိုယ်တိုင်မိတ်ကပ်လေး လိမ်းပြီး ပရိသတ်တွေ အားမကျပဲ မနေနိုင်လောက်အောင် ရိုပြလိုက်ပြန်ပါပြီနော်..။

ချစ်သူလေးကို ကျကျနနမိတ်ကပ်လိမ်းပေးနေတဲ့ ကောင်းပြည့်တို့ချစ်သူနှစ်ဦးရဲ့ ပုံရိပ်လေးတွေကတော့ တကယ်ကို ကြည်နူးစရာကောင်းသလို ချစ်စရာလည်း ကောင်းနေတာမို့ ပရိသတ်တွေကလည်း သဘောကျနေကြတာ ဖြစ်ပါတယ်..။

ကောင်းပြည့်နဲ့ သန္တာဗိုလ်တို့ စုံတွဲလေးကတော့ အနုပညာလောကမှာ နယ်ပယ်အသီးသီးကနေ ပရိသတ်ကိုယ်စီနဲ့ အောင်မြင်မှုတွေ ရရှိထားကြတဲ့ စုံတွဲလေးဖြစ်သလို နှစ်ယောက်လုံးက ပြည်သူချစ်အနုပညာရှင်တွေလည်း ဖြစ်တာမို့ သူတို့ရဲ့ အချစ်ရေးလေးကတော့ ပရိသတ်တွေကြား အမြဲရေပန်းစားနေကြသူလေးတွေလညး ဖြစ်ပါတယ်..။

အခုတစ်ခါမှာတော့ ချစ်သူလေးကို မိတ်ကပ်လိမ်းပေးနေတဲ့ ကောင်းပြည့်နဲ့ သန္တာဗိုလ်တို့ စုံတွဲလေးရဲ့ ကြည်နူးအားကျစရာ ဗီဒီယိုဖိုင်လေးကိုလည်း ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo - သန္တာဗိုလ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။