မခိုင်ကြီးလို့ ပရိသတ်တွေချစ်စနိုးခေါ်ကြတဲ့ ပြည်သူချစ်ဝါရင့်သရုပ်ဆောင် ထွန်းအိန္ဒြာဗိုလ်ကတော့ ပီပြင်လွန်းတဲ့ သူ့ရဲ့သရုပ်ဆောင်ပီပြင်မှုတွေကြောင့် သရုပ်ဆောင်ပိုင်းမှာ အကယ်ဒမီထူးချွန်ဆုတွေ ရရှိထားသလို သီချင်းကောင်းလေးတွေနဲ့လည်း ပရိသတ်တွေရင်ထဲ နေရာယူထားတဲ့ အနုပညာရှင်အဆိုတော်တစ်ဦးလည်း ဖြစ်ပါတယ်..။

စွယ်စုံရ ဝါရင့်အနုပညာရှင်တစ်ဦးအဖြစ် ပရိသတ်တွေတင်စားထားရတဲ့ ထွန်းအိန္ဒြာဗိုလ်ကတော့ လတ်တလောမှာလည်း ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေနဲ့ အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေတာလည်း တွေ့ရပါတယ်နော်..။

အားလုံးက ချစ်ရတဲ့ မခိုင်ကြီးကတော့ အခုတစ်ခါမှာလည်း ပြည်သူ့အသည်းကျော် မင်းသမီးချော အိန္ဒြာကျော်ဇင်ကို အံသြသွားအောင် Surprise လေး လုပ်လိုက်ပြန်တာ တွေ့ရပါတယ်..။

ပြီးခဲ့တဲ့ ရက်ပိုင်းက ကျင်းပပြုလုပ်ခဲ့တဲ့ “ကြက်ဂူ” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ အထူးပြပွဲကို အူဝဲနဲ့အတူ တက်ရောက်ရင်း “မီ” ရုပ်ရှင်ဇာတ်ကားကို သွားကြည့်ခဲ့တဲ့ အကြောင်းပြောပြလိုက်ပြီး အံ့သြသွားအောင် လုပ်လိုက်တာပဲ ဖြစ်ပါတယ်..။

“အူဝဲ ကို အံ့ဩအောင် ပြောလိုက်တယ်လေ ...

" မီ " သွားကြည့်ဖြစ်တဲ့ အကြောင်း ...

Congratulationsss ..

ကိုဏကြီး နဲ့ သုသု ..” ဆိုပြီးတော့ ဓာတ်ဖမ်းခဲ့တဲ့ အမှတ်တရပုံရိပ်လေးတွေကို ပရိသတ်တွေကို ပြန်လည်မျှဝေပေးပြီး အူဝဲကို အံ့သြသွားအောင် လုပ်လိုက်တဲ့ အကြောင်းလေးကို ပြောပြထားတာ ဖြစ်ပါတယ်..။

မင်းသမီး ထွန်းအိန္ဒြာဗိုလ်နဲ့ အိန္ဒြာကျော်ဇင်တို့ ပရိသတ်အချစ်ောတ်နှစ်ယောက်ကတော့ ဒီကနေ့မှာ စတင်ရုံတင်ပြနေပြီဖြစ်တဲ့ “ကြက်ဂူ” ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း နှစ်ယောက်အတူ ပါဝင်သရုပ်ောဆင်ထားကြတာလည်း တွေ့ရပါတယ်..။

Photo - ထွန်းအိန္ဒြာဗိုလ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။