ရုပ်ရှင်ဇာတ်ကားကြီးကောင်းတွေကို မျှော်လင့်နေတဲ့ ရုပ်ရှင်ချစ် ပရိသတ်တွေအတွက် နောက်ထပ် ထွက်ပေါ်လာမဲ့ "၁၀၁၄" ရုပ်ရှင်ဇာတ်ကားကြီးကတော့ Poster နဲ့ တင် ရင်ခုန်စိတ်လှုပ်ရှားစရာကောင်း နေပြီလို့ ဆိုရမှာပါ။ ဒီဇာတ်လမ်းမှာ ပါဝင်ထားကြတဲ့ မင်းသားမင်းသမီးတွေအားလုံးဟာ ဒိတ်ဒိတ်ကြဲ တွေချည်း ဖြစ်တဲ့ ပြင် ဒီ ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ဒါရိုက်တာကတော့ ပရဟိတ မင်းသားကြီး ဦးကျော်သူ ဖြစ်ပါတယ်။

မင်းသားကြီး ဦးကျော်သူ ရဲ့ ဇနီး ဖြစ်တဲ့ ဒေါ်ရွှေဇီးကွက်ရဲ့ ထုတ်လုပ်ရေးဖြစ်တဲ့ ဝရဇိန်ထုတ်လုပ်ရေးကနေ ထုတ်လုပ်ဖြန့်ချိပြီး ဦးကျော်သူ ကိုယ်တိုင် ဒါရိုက်တာ အနေနဲ့ သာမက ပါဝင်သရုပ်ဆောင်ထားသလို ဇာတ်ညွန်းကိုလည်း ကိုယ်တိုင်ရေးသားထားပြီး Art Director သိုးဆောင်း၊ ဇာတ် ညွှန်းမယ်ခိုင်တို့က ပါဝင်အား ဖြည့်ထားပါတယ်။ ဒီဇာတ်ကားကြီးမှာ တော့ အကယ်ဒမီ ဦးကျော်သူ အပြင် မင်းသမီး မေမြင့်မိုရ်၊ ရတနာ ဗို၊ ခင်မို့မို့အေး၊ထွန်းကိုကို၊ ဒေါင်း၊ ထူးအောင်၊ ပြေဇင်၊ မို့ မို့မြင့်အောင်၊ နှင့် အတူ အခြားသော သရုပ်ဆောင် များစွာ ပါဝင်ထားပါတယ်။

၁၀၁၄ ရုပ်ရှင်ဇာတ်ကား ကြီးဟာ တစ်ဖက်စွန်းရောက် နေသည့် အယူဝါဒများကို ရိုက် ပြမည့် ဇာတ်ကားဖြစ်ပြီး ပါချုပ်ဆရာတော်ဘုရားကြီး ကိုယ်တိုင်ကလည်း " မြတ် ဗုဒ္ဓရဲ့ ငြိမ်းချမ်းမှုတရား၊ မေတ္တာ တရားရဲ့ အတိမ်အနက်ကိုသိသွား ရင် ဒါကိုယ့်အတွက်အမြတ်ပဲ ပေါ့။ ဘုန်းကြီးတို့ တရားပွဲထက် ရုပ်ရှင်လုပ်တာပိုပြီးတော့ ဘုန်း ကြီးအနေနဲ့ ပီတိဖြစ်တယ်တဲ့။ သာဓုတောင်ခေါ်လိုက်ပါတယ်" လို့ အားပေးချီးမြောက် စကားဆိုထားပါတယ်။

ဒီရုပ်ရှင်ဇာတ်ကားကြီး ကို ယခင် က ‘မိစ္ဆာ’ ဟုနာမည်ပေးထားသော် လည်း မိတ်ဆက်ပွဲမပြုခင်မှာပဲ " ၁၀၁၄ "ဟု အမည်ပြောင်းလဲဖြစ်ခဲ့ပြီးရုပ်ရှင် ရိုက်ကူးဖို့ ပြင်ဆင်နေတာဟာ လေးလခန့် ရှိနေပြီဖြစ်သလို နိုဝင်ဘာ (၂၀) ရက်နေ့ မှာ ရှေးဟောင်း အမွေအနစ်ဖြစ်တဲ့ ပုဂံမြို့မှာ စတင် စတင်ရိုက်ကူးတော့ မှာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းရဲ့ ဇာတ်ဝင်ခန်း သီချင်း ဖြစ်တဲ့ "ဓမ္မနဲ့ အဓမ္မ" ဆိုတဲ့ ဟဲဗီးရော့သံစဉ် အမျိုးအစား သီချင်းကို ရောကာကြီး ဇော်ဝင်းထွဋ် နဲ့ R ဇာနည် တို့က ပူးပေါင်းသီဆိုထားပေးပြီး ဒီသီချင်းကို တော့ ဂီတမှူး ဆရာ ဓီရာမိုရ် မှ ရေးဖွဲ့ဖန်တီးထားတာဖြစ်ပါတယ်။ ဒိတ်ဒိတ်ကြဲ ရော်ကာနှစ်ကတော့ ဝန်းရံပြီး သီဆိုထားပေးတဲ့ ဒီရုပ်ရှင်ကြီးဟာ တကယ့်ကို စိတ်ဝင်စားစရာကောင်းတဲ့ မြန်မာ့ သမိုင်းကြောင်းတွေနဲ့ အတူ ပုဂံခေတ်ရဲ့ သမိုင်း၊ ဘာသာတရား၊ သာသနာရေး ကစလို့ တကယ့် လွမ်းမောဖွယ် ရသ ကိုခံစားရစေမဲ့ ဇာတ်လမ်းကောင်းတစ်ခုဖြစ်တာကြောင့် ပရိသတ်များ မျှော်လင့်စောင့်စားကြပါဦးနော်..။

source: Kyaw Thu;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။