OPPO A7 ကို နိုဝင်ဘာလ (၁၇) ရက် မှ (၂၂) ရက်အတွင်း စတင်ပြီး ကြိုတင်မှာယူမှုများကို လက်ခံသွားမှာ ဖြစ်ပြီး ဈေးနှုန်းကတော့ ၂၉၉,၉၀၀ ကျပ်ဖြင့် ရောင်းချသွားမှာဖြစ်ပါတယ်။ ပြီးတော့ ကြိုတင်မှာယူတဲ့ customers များအနေနဲ့ ၁၅၀၀၀ ကျပ် တန်ဖိုးရှိပြီး ခုခေတ်စားနေတဲ့ ဘေးတစောင်းလွယ်အိတ်များကို မေတ္တာ လက်ဆောင်အဖြစ် ပေးအုန်းမှာတဲ့နော်။OPPO Myanmar နဲ့ တယ်လီနော်မြန်မာ တို့ပူးပေါင်းပြီး OPPO A7 ဝယ်ယူသူတွေ အတွက် တစ်လကို ၅၀၀၀ ကျပ်ဖို့ ဖုန်းဘေလ် ဖြည့်ရုံဖြင့် 1 GB အင်တာနက် ဒေတာကိုလည်း ထပ်မံပေးသွားမှာဖြစ်ပါတယ်။ဒီလိုမျိုး အကျိုးခံစားခွင့်ကို တစ်နှစ်တိတိ ခံစားရမှာဖြစ်တဲ့အပြင် စုစုပေါင်းဒေတာ 24 GB ကြီးများတောင် ရရှိမှာဖြစ်ပါတယ်။

လူငယ်တွေကြားမှာ ရေပန်းစားနေတဲ့ Glaring Gold နဲ့ Glaze Blue အရောင်နှစ်မျိုးကိုလည်း ရွေးချယ်ဝယ် ယူနိုင်မှာဖြစ်ပါတယ်။အရောင်ရယ် ပြီးတော့ မျက်နှာပြင်အကျယ်အဝန်းရယ် မကြိုက်စရာမရှိ၊ ၆.၂ လက်မ ရှိတဲ့ မျက်နှာပြင် ရေစက်ပုံမျက်နှာဒီဇိုင်း ပေါင်းစပ်ထားတဲ့ အရမ်းလန်းတဲ့ OPPO A7 ပါနော်။ ကင်မရာလား ပူစရာ မလို 16MP ရှေ့ကင်မရာ၊ 13MP+2MP နောက်ကင်မရာ ၂ လုံးတောင် ထည့်သွင်းထားတာကြောင့် စိတ်ကြိုက် သာရိုက်ပေးတော့ ။

ရုပ်ထွက်ကတော့ မေးမနေနဲ့ မင်းသားမင်သမီးရှုံးလောက်တယ် ကြည်လင်ပြတ်သား ရှင်လင်းနေမယ် ကာလာအနေထား စုံလင်းစေရမယ် ပြီးတော့ ချစ်စရာကောင်းတဲ့ AR Stickers လေးတွေ လည်း ထည့်သွင်းထားသေးတယ်နော်။ ဒါ့အပြင် ဂိမ်းဝါသနာအိုးလေးတွေအတွက် Game Space Mode ရယ် Smart Side Bar ကိုထည့်သွင်းထားပြီး တာရည်ခံတဲ့ 4230mAh Battery ရယ် Android OS 8.1 ကိုအခြေခံ ထားပြီး Color OS 5.2 version အသစ်ကြောင့် ပိုပြီးတော့ ဆော့လို့ရတယ် ပိုပြီးတော့လည်း မြန်ဆန်စေပါတယ် ။ ကဲ ... OPPO A7 ကို မလွတ်တမ်း အားပေးလိုက်ကြရအောင်နော် ... ။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။