အာစီယံဆူဇူကီးပြိုင်ပွဲအုပ်စု(က)မှာပါဝင်တဲ့မြန်မာအသင်းရဲ့တတိယပွဲစဉ်ကိုတော့လာမယ့်၂၀ရက်နေ့မှာဗီယက်နမ်အသင်းနဲ့ကစားရမှာဖြစ်ပါတယ်။ပုံစံသစ်နဲ့စတင်ကျင်းပတဲ့ဒီပြိုင်ပွဲဟာအိမ်ကွင်း၊အဝေးကွင်းပုံစံနဲ့ယှဉ်ပြိုင်ကစားရတာဖြစ်ပါတယ်။မြန်မာအသင်းဟာဗီယက်နမ်နဲ့ပွဲကိုတော့ရန်ကုန်မြို့သုဝဏ္ဏကွင်းမှာကစားရမှာဖြစ်ပါတယ်။

မြန်မာအသင်းဟာရှေ့ပွဲ၂ပွဲမှာကမ္ဘောဒီးယား၊လာအိုအသင်းတို့ကိုဂိုးပြတ်အနိုင်ယူထားတာဖြစ်ပါတယ်။မြန်မာအသင်းဟာ၂ပွဲကစားပီးချိန်မှာရမှတ်၆မှတ်နဲ့အုပ်စုအဆင့်၁မှာရပ်တည်နေတာပါ။ဗီယက်နမ်အသင်းကလည်းဂိုးကွာခြားချက်ကြောင့်သာဒုတိယနေရာမှရှိနေတာပါ။

အုပ်စုရဲ့ထိပ်သီးအသင်းတစ်သင်းဖြစ်တဲ့မလေးရှားအသင်းကလည်းမြန်မာ၊ဗီယက်နမ်တို့ထက်တစ်ပွဲပိုကစားပြီးရမှတ်၆မှတ်သာရထားသေးတာပါ။မြန်မာအသင်းဟာဗီယက်နမ်နဲ့အသင်းပြီးရင်မလေးရှားအသင်းကိုအဝေးကွင်းကန်ရမှာဖြစ်တာကြောင့်အုပ်စုတက်ဖို့ဗီယက်နမ်အသင်းဆီကအမှတ်ရဖို့ကြိုးစာရမှာဖြစ်ပါတယ်။ပွဲရက်နီးလာတာနဲ့အမျှမြန်မာကစားသမားတွေကလည်းလေ့ကျင့်ခန်းတွေကြိုးစားလုပ်နေတဲ့ပုံရိပ်လေးတွေကိုကြည့်ပြီးဗီယက်နမ်နဲ့ပွဲမှာကွင်းလုံးပြည့်အားပေးကြဖို့ဖိတ်ခေါ်လိုက်ပါတယ်။

Source:MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။