အာစီယံဆူဇူကီးပြိုင်ပွဲအုပ်စု(က)ရဲ့အကြိတ်အနယ်ရှိပြီးအုပ်စုတက်ဖို့အတွက်အကြိတ်အနယ်ကစားရမယ့်မြန်မာအသင်းနဲ့ဗီယက်နမ်အသင်းတို့ပွဲစဉ်ကိုတော့မနက်ဖြန်ည(၆)နာရီမှာရန်ကုန်မြို့သုဝဏ္ဏကွင်းမှာယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။မြန်မာအသင်းအတွက်အရေးကြီးဆုံးပွဲတစ်ပွဲဖြစ်ပြီးအနိမ့်ဆုံးသရေတစ်မှတ်ရဖို့လိုအပ်နေတာပါ။

မြန်မာအသင်းရဲ့ပရိတ်သတ်တွေကလည်းဒီပွဲကိုကွင်းလုံပြည့်လာမှာဖြစ်ပြီးပိုပြီးအကြိတ်နယ်နဲ့ရှိမယ့်ပွဲတစ်ပွဲဖြစ်လာမှာပါ။မနက်ဖြန်ပွဲမတိုင်ခင်ဒီနေ့နေ့လည်မှာတော့မြန်မာဘောလုံးအဖွဲ့ချုပ်ရုံးမှာသတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။ဒီသတင်းစာရှင်းလင်းပွဲကိုတော့ဗီယက်နမ်နဲ့ပွဲမှာလွဲချော်မယ့်နောက်ခံလူသိန်းသန်းဝင်းလည်းတက်ရောက်ခဲ့တာပါ။ 

မြန်မာအသင်းရဲ့နည်းပြချုပ်ကတော့"ဒီပွဲစဉ်ဟာခက်ခဲမှာပေမယ့်အကောင်းဆုံးခြေစွမ်းတွေနဲ့အနိုင်ယူပြီးပရိတ်တွေကိုအပြုံးတွေနဲ့အိမ်ပြန်စေရမယ့်လို့ယုံကြည်ပါတယ်"ဆိုပြီးပြောခဲ့တာပါ။ဗီယက်နမ်အသင်းနည်းပြချုပ်ကလည်း"ထိပ်တိုက်တွေ့ဆုံမှုတွေကို ပြန်ကြည့်ရင်တော့ ဗီယက်နမ်အသင်းက အနည်းငယ် အသာရထားပါတယ်။ မြန်မာနဲ့ပွဲမှာ အကောင်းဆုံး ယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ပြီး အနည်းဆုံး တစ်မှတ်ရဖို့ရည်မှန်းထားပါတယ်"ဆိုပြီးဖြေကြားသွားခဲ့တာပါ။မြန်မာအသင်းနဲ့ဗီယက်နမ်အသင်းတို့ပွဲကိုတော့မနက်ဖြန်ည(၆)နာရီအချိန်မှာကစားမှာဖြစ်တာကြောင့်ကွင်းလုံးပြည့်ညီညာစွာအားပေးဖို့ဖိတ်ခေါ်လိုက်ပါတယ်။

Source:MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။