နိုဝင်ဘာလ ၁၇ ရက်နေ့မှာတော့ ဂရိနိုင်ငံမှာ လူငယ်ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကြား ရုန်းရင်းဆန်ခတ်မှုတွေဖြစ်ပွားခဲ့ပါတယ်။

ဒီရုန်းရင်းဆန်ခတ်မှုတွေကတော့အေသင်မြို့လယ်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး ထိုလူငယ်တွေဟာ စစ်အာဏာရှင်ကိုဖြုတ်ချခဲ့တဲ့ 1973 ကျောင်းသားဆန္ဒပြပွဲ နှစ်ပတ်လည်အတွက် ဆန္ဒပြချီတက်လာခဲ့တာပဲဖြစ်ပါတယ်။ 

ဆန္ဒပြသူတွေဟာ သောင်းနဲ့ချီရှိနေပေမယ့် သူတို့ဟာ မြို့လယ်တစ်လျှောက် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ချီတက်လာခဲ့ကြပါတယ်။

သို့ပေမယ့် ချီတက်ပွဲပြီးဆုံးချိန်ရောက်ကာမှ 1973 ခုနှစ်က လူတွေဒါဇင်နဲ့ချီသေဆုံးခဲ့တဲ့ Athens Polytechnic ရှိရခရိုင်မှာ ဆန္ဒပြသူတွေနဲ့ ရဲတွေ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့တာပဲဖြစ်ပါတယ်။  

ဆန္ဒပြသူတစ်ချို့ကတော့ ရဲတွေကို ကျောက်ခဲတွေ ဓာတ်ဆီပုလင်းတွေ ဗုံးတွေနဲ့ ပစ်ခတ်ခဲ့သလို အခြားသောသူတွေကလည်း ထိုင်ခုံတွေနဲ့ လမ်းတွေကိုပိတ်ဆိုခဲ့တာတွေတွေ့ရသလို တချို့လူတွေကလည်း အိမ်ခေါင်းမိုးတွေပေါ်ကို ဓာတ်ဆီပုလင်းဗုံးတွေ ပစ်တင်ခဲ့ကြတယ်လို့သိရပါတယ်။

source - dvb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။