ယခုညမှာ မီးလေးခနမှိတ်ပေးပါဆိုတဲ့ အသံ မကြားရတော့ ပရိသတ်တွေပျင်းနေမှာလား။

ကျော်ထက်အောင် မရှိဘူးဆိုရင်တော့ ပွဲက ခြောက်ကပ်နေတော့မှာပဲ။

ယနေ့ညဆိုရင် မြန်မာIdol ပြိုင်ပွဲကြီး Top4 ကို စောင့်ကြည့်ရမယ့်အချိန် လာပြန်ပါပြီ။

အစီစဉ်တင်ဆက်သူ Host တစ်ဦးဖြစ်တဲ့ ကျော်ထက်အောင် ဟာ ဘန်ကောက်ကနေ မနေ့ကပြန်ရောက်နေပြီလို့သိရပါတယ်။

ကျော်ထက်အောင်တစ်ယောက် ဘန်ကောက်ရောက်နေတုန်း လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဓာတ်ပုံတွေလည်း အများကြီး ရိုက်ခဲ့သလို သီချင်းလည်း ဆိုခဲ့တဲ့ပုံပါပဲ။

သူက မနက်ဖြန် Myanmar Idol မှာ Wild Card နဲ့အတူ အစီစဉ်တင်ဆက်သူ က ဘယ်သူဖြစ်မလဲ ဆိုတာ မနေ့က လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

ဒီလိုဆိုရင် ကျော်ထက်အောင် မဟုတ်ဘဲ ယခုည Myanmar Idol Host က ဘယ်သူဖြစ်ဦးမလဲဆိုတာကိုပါ ပရိသတ်ကြီးက စိတ်ဝင်တစား စောင့်ကြည့်ရတော့မယ်ထင်ပါတယ်။ ဒါကကောလဟာလဖြစ်မလား ၊စနောက်နေတာလားဆိုတာ……

သတင်းအရင်းမြစ် Kyaw Htet Aung FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။