ပြည်တွင်း ဗုဒ္ဓဘာသာတိုင်းပြည်တစ်ခုဖြစ်သလို ဗုဒ္ဓဘာသာယုံကြည်မှုတွေကို နှစ်စဉ်ပြုလုပ်နေပြီး နေညမပျက်ကုသိုလ်ပြုသတင်းတွေကိုတော့ ပရိသတ်တွေလည်း ကြားသိကြမယ်ထင်ပါတယ်။ ဝမ်းသာကြည်နူးစရာအလှူအတန်းများစွာနှင့်အတူ ဘုရားတည်ကျောင်းဆောက်အလှူအတန်းတွေကတော့ လက်တလောများစွာကြားသိခဲ့ရပါတယ်။ မကြာသေးမီက ဗုဒ္ဓဘာသာဝင်အချို့ရဲ့ မွန်မြတ်တဲ့အလှူကြီးတစ်ခုကတော့ ပရိသတ်တွေကြားရေပန်းစားခဲ့တာတွေ့ရပါတယ်။  

အဆိုပါ အလှူကတော့ အဖိုးတန်ရတနာများစွာကို ဘုရားဌာပနာတော်အတွက်လှူတန်းခဲ့တဲ့ အလှူတစ်ခုဖြစ်ပြီး ရွာသူရွာသားများရဲ့ ချွေးနည်းစာအလှူကြောင့် ဝမ်းသာပီတိဖြစ်စရာလေးလည်းဖြစ်ခဲ့တာတွေ့ရပါတယ်။ ၎င်းအလှူကတော့ မကြာသေးမီက မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်ဆယ်လံရွာတွင် တည်ထားကိုးကွယ်လျှက်ရှိတဲ့ ဘုရားအထက်ပစ္စယံဌာပနအတွက် ဆယ်လံရွာမှ ဒကာ၊ ဒကာမများရဲ့ အလှူကြီးတစ်ခုပဲဖြစ်ပါတယ်။ 

ကြည်နူးစရာကောင်းတဲ့အလှူတစ်ခုဖြစ်သလို ချွေးနည်းစာဖြင့်ရှာဖွေထားသမျှကို ဖြူဖြူစင်စင်စိတ်ထားဖြင့် လာရောက်လှူဒါန်းမှုပြုခဲ့တာပဲဖြစ်ပါတယ်။ အခြားအခြားသောတိုင်းပြည်ရှိ ဘာသာတိုင်းက ငေးမောစေလောက်တဲ့ ဗုဒ္ဓဘာသာထုံးတမ်းတစ်ခုရဲ့ မကြာသေးမီကအလှူပုံရိပ်လေးတွေကို သာဓုခေါ်ဆိုနိုင်ရန် ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

pHOTOS - ဦးယသနန္ဒ(ပရဟိတဆရာတော်)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။