AFF Suzuki Cup 2018ပွဲစဉ်တွေထဲကမြန်မာအသင်းနဲ့ဗီယက်နမ်အသင်းတို့ပွဲစဉ်ကိုတော့ညနေ(၆)နာရီမှာရန်ကုန်မြို့သုဝဏ္ဏကွင်းမှာယှဉ်ပြိုင်ကစားတော့မှာဖြစ်ပါတယ်။မြန်မာအသင်းအတွက်အုပ်စုတက်ဖို့အတွက်အရေးပါတဲ့ပွဲစဉ်တစ်ပွဲဖြစ်ပြီးအုပ်စုအဆင့်(၁)နေရာကိုပြတ်ပြတ်သားသားရပ်တည်လို့ရမယ့်ပွဲစဉ်လည်းဖြစ်ပါတယ်။ဒီပွဲစဉ်ကတော့လက်မှတ်စတင်ရောင်းတဲ့နေ့ထဲကတစ်ခဲနက်ပရိတ်သတ်တွေဝယ်ခဲ့ကြပြီးစိတ်ဝင်စားမှုအရှိဆုံးပွဲစဉ်ပဲဖြစ်ပါတယ်။

မြန်မာအသင်းရဲ့ပရိတ်သတ်တွေကလည်းဒီပွဲစဉ်အတွက်ပြိုင်ပွဲမစခင်အချိန်ပိုင်းအလိုထဲကကွင်းပြင်မှာရောက်ရှိနေတာဖြစ်ပါတယ်။မြန်မာဘောလုံးအသင်းကိုအားပေးတဲ့အဖွဲ့အဖွဲ့တွေကလည်းကွင်းရှေ့မှာညီညီညာညာနဲ့အားပေးအသံတွေနဲ့ရှိလာနေတာဖြစ်ပါတယ်။ဒီပွဲကိုဗီယက်နမ်ပရိတ်သတ်၂၄၀၀လာရောက်မှာရှိပြီးမနေ့ထဲကအဝေးကွင်းလက်မှတ်တွေကုန်သွားခဲ့တာဖြစ်ပါတယ်။ 

ပွဲကစားဖို့အချိန်တွေနီးလာတာနဲ့အမျှပရိတ်သတ်တွေကလည်းတဖြည်းဖြည်းနဲ့များလာခဲ့ပြီးသုဝဏ္ဏကွင်းကြီးပတ်လည်မှာတော့မြန်မာအသင်းပရိတ်သတ်တွေနဲ့ကြွေးကြော်အသံတွေကတာ့ရင်တဒိတ်ဒိတ်နဲ့မျိုးချစ်စိတ်အပြည့်စည်းလုံးနေတာကိုတွေ့ရမှာပါ။နည်းပြချုပ်ကြီးကလည်းပရိတ်သတ်တွေကိုအပြုံးနဲ့အိမ်ပြန်စေရမယ်ဆိုတာကြောင့်နည်းပြကြီးပြောသလိုဖြစ်လာမလားဆိုတာတော့ညနေ(၆)နာရီမှာမြန်မာလို့ကြွေးကြော်ပြီးအားပေးဖို့ဖိတ်ခေါ်လိုက်ကပါတယ်။

SOURCE:AFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။