ဒီကနေ့ နံနက်ပိုင်းကဖြစ်ပွားခဲ့တဲ့ ပဲခူးချောင်းအတွင်းခုန်ချသေဆုံးခဲ့တဲ့ ကျောင်းသူတစ်ဦးရဲ့ သတင်းကိုတော့ ပရိသတ်တွေလည်း ကြားသိကြမယ်ထင်ပါတယ်။ မကြာခဏဖြစ်ပေါ်တက်တဲ့ သေကြောင်းကြံစည်မှုတွေထဲမှာ ဆိုးဆိုးရွားရွားဖြစ်စဉ်တစ်ခုဖြစ်ပြီး မကြာသေးမီက ကလေးမလေးရဲ့ အလောင်းကိုပြန်လည်တွေ့ရှိခဲ့ကြောင်း သိရပါတယ်။  

ဖြစ်စဉ်နဲ့ပတ်သက်ပြီး အကြောင်းအစုံမသိရှိရသေးပဲ သေဆုံးသူကျောင်းသူလေးသေဆုံးမှုနဲ့ပတ်သက်ပြီး "အမေက ကလေးမီးဖွားတာ ၁၀ရက်ပဲ ရှိသေးလို့ အမေ့အနားမှာ နေပေးပီး ဒီနေ့ ကျောင်းတရက်လောက် မတတ်ပါနဲ့လား သမီရယ် လို့ပြောပီး 4တန်း မောင်လေးကို ကျောင်းလိုက်ပို့နေတဲ့ အဖေ ပြန်မလာခင်!. အမေ့အနားကနေ မသိပဲ ချောင်းကမ်းပါးကို တယောက်ထဲ ထွက်သွားပီး သေဆုံခဲ့တာဖြစ်တယ်လို့" ကနဦးသတင်းများအရသိရှိရပါတယ်။ 

စိတ်မကောင်းစရာဖြစ်စဉ်တစ်ခုဖြစ်သလို သေဆုံးသူကလေးမလေးကတော့ မူစလင်လူမျိုးတစ်ဦးဖြစ်ကြောင်း သိရပါတယ်။ မကြာခဏဖြစ်ပွားတက်တဲ့ သေဆုံးမှုတွေထဲက ဝမ်းနည်းကြေကွဲစရာဖြစ်စဉ်တစ်ခုလည်းဖြစ်တဲ့ ဒီကနေ့ဖြစ်စဉ်ကို ချစ်ပရိသတ်တွေလည်း တွေ့မြင်ရမယ်ထင်ပါတယ်။ ဒီကနေ့ ပဲခူးချောင်းအတွင်း ခုန်ချသေဆုံးခဲ့တဲ့ ကျောင်းသူလေးရဲ့ အလောင်းကိုရှာဖွေတွေ့ရှိပုံနဲ့ သယ်ယူသွားပုံတို့ကို ချစ်ပရိသတ်တွေအတွက် စိတ်မကောင်းစရာမျှဝေပေးလိုက်ပါတယ်။

Photos - Phyo Bo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။