ဒီလိုမေးခွန်းကို ထင်ရှားတဲ့နိုင်ငံခေါင်းဆောင်တစ်ဦးက ငယ်ရွယ်စဉ်အခါတုန်းက သူမရဲ့အမေကိုမေးခဲ့တာပါ။ သူမလိုပဲ ထိုအရွယ်ကလေးလေးတွေဟာ စူးစမ်းလိုကြပြီး လူကြီးမိဘများကို ဦးနှောက်ခြောက်လောက်အောင် မေးခွန်းပေါင်းများစွာ မေးနိုင်သူလေးတွေပါ။ ပရိသတ်ကြီးလည်း ဒီလိုမျိုးဦးနှောက်ခြောက်စေမဲ့ မေးခွန်းလေးတွေကို အမေးခံရဖူးပါလိမ့်မယ်။ အဲ့ဒီလို အမေးခံရရင်လည်း အနီးစပ်ဆုံးနဲ့ အမှန်အကန်ဆုံးဖြစ်အောင် ဖြေပေးတာ(ဒါမှမဟုတ်) ကိုယ်လည်း အဖြေပေးရင်း သူတို့လေးတွေကိုပါ စဉ်းစားတတ်အောင် သင်ပေးသင့်ပါတယ်။ တစ်ကယ်လို့ ကိုယ်က အဖြေမသိရင်လည်း မသိဖူးလို့ရိုးသားစွာပြောသင့်ပါတယ်နော် ပရိသတ်ကြီးရေ..

ဒီတစ်ခါဖော်ပြမယ့် အကြောင်းအရာလေးကတော့ လူတွေမှာ ဘာ့ကြောင့် လက်(၅)ချာင်းရှိရတာလဲဆိုတာကိုပါ ပြောပြပေးသွားမှာပါ။ဒီအကြောင်းကို ကမ္ဘာကျော်ပညာရှင် ချားလ်စ်ဒါ၀င်ကတော့ လူဟာမျောက်ကနေဆင်းသက်လာတာကြောင့်လို့ဖြေဆိုသွားခဲ့ပါတယ်။ ဘာကြောင့်လဲဆိုရင် လူတွေမှာ လက်ချောင်း (၅) ချောင်း ရှိသလို မျောက်တွေမှာလည်း လက်ချောင်း ၅ ချောင်း ရှိနေပါတယ်။ 

မျောက်တွေမှာရှိသလို.. ပရိုင်းမိတ် သတ္တဝါတွေ (ဥပမာ ရှဉ့်၊ မျောက် မျိးနွယ်) တွေမှာလည်း လက်ချောင်း ၅ ချောင်း ရှိကြပါတယ်။ ဒါပေမယ့် သူတို့ အသုံးပြုမှုအပေါ်မူတည်ပြီး လက်ချောင်း ပုံစံ အနေအထား ကွာခြားပါတယ်။ ဥပမာ။ မြေကြီးတူးခြင်း၊ သစ်ပင်တက်ခြင်း တွေမှာပဲဖြစ်ပါတယ်။

ကျောရိုးရှိ ကုန်းနေ သတ္တဝါတွေအတွက် အသုံးဝင်တဲ့ လက်ချောင်း ၅ ချောင်းထက် ပိုမိုဖြစ်ထွန်းဖို့ဟာ အင်မတန် ရှားပါးပါတယ်။ (ရှိတော့ရှိပါတယ်။ ရှိလည်း လှုပ်ရှားဖို့ ခက်ပါတယ်)။ လက်ချောင်းပို (လက်ပွား) ရှိခြင်းထက် လက်ချောင်းမပါခြင်း (လက်ချောင်းပူးခြင်း) က ပိုမို အဖြစ်များပါတယ်။

ဒါတွေဟာ ဆင့်ကဲပြောင်းလဲခြင်း ဖြစ်စဉ်ရဲ့ အစိတ်အပိုင်းတစ်ခုသာ ဖြစ်ပါတယ်.ပရိသတ်ကြီးရေ။ ပရိသတ်ကြီးလည်း ယခုလိုဗဟုသုတရမဲ့အကြောင်းအရာတွေကို သားသားမီးမီးလေးတွေကိုပြန်ပြောပြရင်း မိမိတို့ရဲ့အပေါင်းအသင်းတွေကိုလည်းဝေမျှပေးလိုက်ပါအုန်းနော်...

Source:သန့်ဦး (အာကာသနှင့် စကြဝဠာ)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။