ထိုင်းနိုင်ငံရဲ့ နာမည်ကျော်ရုပ်သံလိုင်း Channel 3 က ရုပ်သံဇာတ်လမ်းတွဲတွေကို မြန်မာရုပ်သံလိုင်းတွေမှာပြသလေ့ရှိတာမို့ ပါဝင်သရုပ်ဆောင်တဲ့ မင်းသားမင်းသမီးတွေကို မြန်မာပရိတ်သတ်က မျက်မှန်းတန်းမိမှာပါ ။ ယခုလဲ Channel 3 က နာမည်ကြီးမင်းသားနဲ့ မင်းသမီးတို့ဟာဘုရားဖူးဖို့အတွက် မြန်မာနိုင်ငံကိုရောက်ရှိနေပါတယ် ။ မင်းသား အမည်ကတော့ James Ma ဖြစ်ပြီး မင်းသမီးလေးကတော့ Kim လို့ မြန်မာပရိတ်သတ်တွေချစ်စနိုးခေါ်ကြတဲ့ Kimberly ပါ ။ Kim အတွက်ကတော့ ဒါက ပထမဆုံး မြန်မာခရီးစဉ်မဟုတ်ပါဘူး ။ ယခင်ကလဲ ဘုရားဖူးဖို့လာရောက်ဖူးပါတယ် ။ သူတို့အပြင် အခြား Channel 3 က ဗုဒ္ဓဘာသာဝင် မင်းသားမင်းသမီးတော်တော်များများဟာ မြန်မာနိုင်ငံကိုခဏခဏ လာရောက်လေ့ရှိပါတယ် ။ သူတို့အလုပ်တွေအောင်မြင်ဖို့အတွက် ယုံယုံကြည်ကြည်နဲ့ ဘုရားလာဖူးပြီး ဆုတောင်း အဓိဌာန်ပြုကြတာပါ ... မြန်မာနိုင်ငံလိုပဲ ဗုဒ္ဓဘာသာပေါများတဲ့သူတို့တိုင်းပြည်မှာ ဗိုလ်တစ်ထောင်ဘုရားအကြောင်းက သူတို့နိုင်ငံက သတင်းစာတွေထိ ကျော်ကြားပါတယ် ။ ဗိုလ်တစ်ထောင်ဘုရားက အစ်မတော် မြနန်းနွယ် ၊ ဗိုလ်တစ်ထောင်ဘိုးဘိုးကြီးတို့ကိုလဲ မြန်မာပြည်ရောက်တဲ့ ထိုင်းအကုန်လုံးလိုလို လာရောက် ဦးခိုက်လေ့ရှိပါတယ် ။ Channel 3 ကမင်းသားမင်းသမီးတွေကတော့ မြန်မာနိုင်ငံမှာလဲ သူတို့ကိုအားပေးတဲ့ ပရိတ်သတ်တွေရရှိနေပြီး ကရင်ရိုးရာဝတ်စုံ ၊ ရှမ်းရိုးရာဝတ်စုံ ၊ မြန်မာ ပုဆိုး ၊ မြန်မာ ထမီ တို့နဲ့ ရိုက်ထားတဲ့ဓါတ်ပုံတွေကိုလဲ သူတို့ရဲ့ လူမှုကွန်ယက်တွေမှာ ရံဖန်ရံခါတင်ပေးလေ့ရှိပါတယ် ။ ထိုင်းဇာတ်လမ်းတွဲတွေကိုကြိုက်တဲ့ပရိတ်သတ်တွေအတွက် ယခု မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ မင်းသားနဲ့မင်းသမီးရဲ့ အကြောင်းလေးတွေကိုလဲဖော်ပြပေးလိုက်ပါတယ်နော် ။

Kimberly

Kimberly ရဲ့ အမည်အရင်းကတော့ Kimberley Anne Tiamsiri Woltemas ပါ ။
ပရိတ်သတ်တွေကတော့ Kimmy သို့မဟုတ် Kim လို့ချစ်စနိုးခေါ်ကြပါတယ် ။
ထိုင်းနဲ့ဂျာမန်သွေးနှော ဖြစ်ပြီး ဂျာမနီမှာမွေးဖွားခဲ့သူပါ ။
ထိုင်း ၊ အင်္ဂလိပ် နဲ့ ဂျာမန် စကားသုံးမျိုးစလုံးကျွမ်းကျင်ပါတယ် ။
အရပ်အမြင့်က 5 ပေ ၆ လက်မရှိပါတယ် ။
မင်းသား Mark Prin နဲ့ ချစ်သူတွေပါ ။
သူတို့နိုင်ငံမှာ ထင်ရှားတဲ့ Cele စုံတွဲလဲဖြစ်ပါတယ် ။
မျက်နှာချိုတဲ့မင်းသမီးလေးဟာ ပျော်ပျော်ရွှင်ရွှင်နေတတ်သူလဲဖြစ်ပါတယ်တဲ့ ။
ပန်းတွေကိုချစ်တတ်ပြီး အိမ်မှာ အလှဆင်ဖို့ အမြဲတမ်းပန်းတွေဝယ်နေတတ်ပါတယ် ။
အစားကောင်းလဲကြိုက်တတ်သူပါ ။
သူမပထမဆုံးသရုပ်ဆောင်ထားတဲ့ Thara Himalaya ဇာတ်လမ်းတွဲလေးဟာမြန်မာနိုင်ငံမှာလဲ ပြသပြီးအောင်မြင်မှုရရှိထားပါတယ် ။
ထိုဇာတ်လမ်းတွဲထဲမှာ သူမက အခြားတိုင်းပြည်ကမင်းသားတစ်ပါး
အသက်အန္တရယ်ကြုံပြီး ထိုင်းကဆေးရုံကိုအမည်မသိလူနာအဖြစ်ရောက်ရှိလာခဲ့သောအခါ ကူညီကယ်ဆယ်ရင်း
ထိုမင်းသားနဲ့ချစ်ကြိုးသွယ်မိပြီး မိဖုရားဖြစ်သွားခဲ့တဲ့ ဆရာဝန်မလေးအဖြစ်သရုပ်ဆောင်ထားတာဖြစ်ပါတယ် ။
ထိုင်းနိုင်ငံက Beetalk ကြော်ငြာကိုရိုက်ကူးပေးတဲ့ မင်းသမီးပါ ။
သူမဟာ ကြော်ငြာအများအပြား ၊ Music Vedio များ ၊ ဇာတ်လမ်းတိုများ ၊ ဇာတ်လမ်းတွဲများစွာ ရိုက်ကူးနေတဲ့
နာမည်ကျော်မင်းသမီးတစ်ယောက်ဖြစ်ပါတယ် ။
အတူတူခရီးထွက်လာတဲ့ James Ma နဲ့အတူ Piang Chai Kon Nee Mai Chai Poo Wised ဇာတ်လမ်းတွဲကို ရိုက်ကူးခဲ့ပါတယ် ။

James Ma

James Ma ရဲ့ အမည်အရင်းကတော့ James Assarasakorn ပါတဲ့ ။
ဟောင်ကောင်နဲ့ ထိုင်းအနွယ်ဖွား မင်းသားတစ်ယောက်ဖြစ်ပါတယ် ။
July 3, 1993 မှာမွေးတာမို့ အသက်ကတော့ ၂၃ နှစ်ရှိပါပြီ ။
ဗုဒ္ဓဘာသာဝင် တစ်ယောက်ပါ ။
အရပ်ကတော့ ၆ ပေ ၁ လက်မ ရှိပါတယ်တဲ့ ။
ချစ်သူမရှိပါဘူးတဲ့ ။ Single စစ်စစ်ကလေးပါ ။
မောင်နှမ နှစ်ယောက်မှာ သူက အကြီးပါ ။ သူ့အောက်မှာ ညီမလေးတစ်ယောက်ရှိပါတယ် ။
အကြိုက်ဆုံးအရောင်ကတော့ အပြာနဲ့ လိမ္မော်ပါ ။
သူဟာ သရုပ်ဆောင်မော်ဒယ် တစ်ယောက်အပြင် အစီအစဉ်တင်ဆက်သူတစ်ဦးလဲ ဖြစ်ပါတယ် ။
အသက် ၈ နှစ်အရွယ်ထိဟောင်ကောင်မှာနေခဲ့ပြီး နောက်ပိုင်းမှ ထိုင်းကိုပြောင်းရွှေ့ခဲ့ပါတယ် ။
အစားအသောက်ကောင်းကောင်းကြိုက်တတ်တဲ့ James ဟာ စားသောက်ဆိုင်ကြီးတစ်ဆိုင် ပိုင်ဆိုင်သူ ပါ ။
ဘဲသားခေါက်ဆွဲပြုတ်ကို အကြိုက်ဆုံးဖြစ်ပြီး အခြားထိုင်းစာတွေလဲ အကုန်ကြိုက်ပါတယ်တဲ့့ ။
ကြောင်ချစ်တတ်တဲ့ မင်းသားတဲ့ ယုန်လေးတွေကိုလဲ ချစ်ပါတယ် ။
စိတ်သဘောထား နူးညံပြီး အေးဆေးနေတတ်ပေမယ့် အဖော်ကောင်းတဲ့အခါ အလွန်ပျော်တတ်တဲ့ မင်းသားပါ ။
တရုတ်ကန်တုံစကား ၊ English စကား နဲ့ ထိုင်းဘာသာစကား သုံးမျိုးလုံးပြောတတ်ပါတယ် ။
ယခုသူနဲ့ ခရီးတူတူလာတဲ့ မင်းသမီး Kimberly ရဲ့ ပရိတ်သတ်တစ်ယောက်လဲဖြစ်ပါတယ်တဲ့ ။  မင်းသမီးက သူ့ထက် အနုပညာလောကကိုရောက်တာပိုစောပါတယ် ။ ပရိတ်သတ်တွေကိုပြောပြတဲ့ သူ့ ရဲ့ အိပ်မက်ထဲက ချစ်သူပုံစံကတော့ တတ်ကြွပြီး စမတ်ကျနေရမယ် ။ သူ့အကြောင်းကို ကောင်းကောင်းသိပြီး သူ့ကို ပျော်ရွှင်အောင်ထားနိုင်မယ့်သူမျိုးကို ချစ်သူတော်ချင်ပါတယ်တဲ့ ။ ဘယ်လိုချစ်ခွင့်ပန်မလဲဆိုတော့ ... သူချစ်ရတဲ့ကောင်မလေးကိုတွေ့ခဲ့ရင် ရည်းစားစာ ရေးပြီးပေးမယ် ... ဒါမှမဟုတ် ရေတံခွန် ၊ ပင်လယ် တို့နားမှာ ချစ်ခွင့်ပန်ချင်ပါတယ်တဲ့ ။ သူကဆက်ပြောပါသေးတယ် ... မိန်းကလေးတစ်ယောက်ကို ချဉ်းကပ်ဖို့ ဂန္တဝင်အဆန်ဆုံးနည်းလမ်းက ရည်းစားစာ ပါပဲ ။ Romantic ပိုဆန်တယ်လို့ခံစားရတယ် ။ ခံစားရသမျှ အကုန်စာထဲမှာ ချရေးပြနိုင်တယ်တဲ့ ။ ဒီခေတ်မှာ ဒီနည်းလမ်းကိုသိပ်မသုံးကြတော့ဘူးဆိုတာ သိပေမယ့် ဒါဟာ တကယ့်ကိုဆွဲဆောင်မှုအရှိဆုံး ချစ်ခွင့်ပန်နည်းလို့ ကျွန်တော်ထင်ပါတယ် လို့ ပြောကြားထားသူပါ ။ သူ့ချစ်သူကတော့ ရည်းစားစာကောင်းကောင်းတစ်စောင်တော့ သေချာပေါက်ဖတ်ရမှာပါပဲ ။ မြန်မာနိုင်ငံမှာ သူပါဝင်တဲ့ မင်းသား ၅ ပါးကားလို့ နာမည်ကြီးတဲ့ရုပ်သံဇာတ်လမ်းတွဲ The Gentlemen of Jutathep ကိုတော့ပြသပြီးပါပြီ ။ ထိုင်းမှာတော့ သူခေါင်းဆောင်မင်းသားအဖြစ်သရုပ်ဆောင်ထားတဲ့ Piang Chai Kon Nee Mai Chai Poo Wised ဇာတ်လမ်းတွဲလေးက လတ်တလောမှာရေပန်းစားနေပါတယ် ။

Source : sharerice 

Piang Chai Kon Nee Mai Chai Poo Wised
The Gentlemen of Jutathep
Thara Himalaya

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။