YouTube မှာ လူသိများထင်ရှားစေဖို့ ရည်ရွယ်ပြီး စတန့်လုပ်ပြခြင်းကနေ မှားယွင်းပြီး ချစ်သူအမျိုးသားကို အမျိုးသမီးတစ်ယောက်က အသေပစ်သတ်လိုက်တယ်လို့ အာဏာပိုင်တွေက ပြောကြားခဲ့ကြောင်း CNN သတင်းမှာဖော်ပြထားပါတယ်။

အဆိုပါအမျိုးသမီးက မိုနာလီဆာ ပီရက်ဇ်အမည်ရှိပြီး က ပီဒရို ရုဇ်ဆိုသူ အမျိုးသားဖြစ်ကာ အမေရိကန်ပြည်ထောင်စု မင်နီဆိုတာပြည်နယ်ကဖြစ်ပါတယ်။

ဖြစ်စဉ်ကတော့ ပီဒရို ရုဇ်ဆိုသူ အမျိုးသားဟာ ရင်ဘက်နားမှာ စာအုပ်တစ်အုပ်ကို ကိုင်ဆောင်ထားပြီး မိုနာလီဆာ ပီရက်ဇ်က အဲ့ဒီစာအုပ်ကို သေနတ်နဲ့ ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။သူတို့ယူဆတာကတော့ ကျည်ဆံဟာ စာအုပ်ကို ဖောက်ထွက်မသွားနိုင်ဘူးဆိုပေမယ့်အမှန်တကယ်မှာတော့ကျည်ဆံဟာ စာအုပ်ကို ဖောက်ပြီး ပီဒရို ရုဇ် ရင်ဘတ်ကို ထိမှန်ခဲ့တာဖြစ်ပါတယ်။ အခင်းဖြစ်ပျက်မှုအတွက် ပီရက်ဇ်က သူ့ရဲ့ချစ်သူကို မှားယွင်းပစ်ခတ်မိကြောင်း ရဲတပ်ဖွဲ့ကို ဖုန်းဆက်အကြောင်းကြားခဲ့တာပဲဖြစ်ပါတယ်။

Source -CNN

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။