တရုတ်မီဒီယာတွေကို ဒီအမျိုးသမီးရဲ့အကြောင်းက သင်ခန်းစာယူဖွယ် ထိတ်လန့်ခြောက်ခြားစေခဲ့ပါတယ်။ အကြောင်းရင်းကတော့ သူမရဲ့ဗိုက်နေရာမှာ ရင်သားသဖွယ် အလုံးနှစ်လုံးဖြစ်လာပြီး တစ်ချိန်တည်းမှာပဲ ရင်သားနေရာက ကျုံ့သွားတာကြောင့်ပါ။

အဆိုပါတရုတ်အမျိုးသမီးစာ မကြာသေးခင်အချိန်က Amazing Gel လို့ခေါ်တဲ့ ရင်သားကြီးဆေးကို ထိုးခဲ့ပါတယ်။ ဒါပေမယ့် နေရာအနေအထားပြောင်းလဲခဲ့ပြီးနောက် သူမဆေးထိုးထားတဲ့အရှိန်ဟာ ဗိုက်မှာ သွားသက်ရောက်နေပြီး ဗိုက်မှာတင် အလုံးနှစ်လုံးဖြစ်ပေါ်လာခဲ့တာပါ။ 

ဆရာဝန်နဲ့သွားပြတဲ့အချိန်မှာ ခွဲစိတ်ဆရာဝန်တွေဟာ သူမရဲ့ဗိုက်နေရာကို ပြောင်းပြန်ရောက်သွားတဲ့ အဆိုပါအဝါရောင်ဆေးရည်တွေကို ခွဲထုတ်ခဲ့ရပါတယ်။ Amazing Gel ဟာ ဟိုးယခင်တည်းက အမျိုးသမီးတွေ ရင်သားကြီးအောင်လုပ်တဲ့နေရာမှာ ထိုးနေကြဆေးဖြစ်ပြီး ဆေးပညာဝေါဟာရအရ polyacrylamide hydrogelလို့လဲ လူသိများပါတယ်။

တရုတ်မှာ ဒီဆေးကို အမျိုးသမီးတော်တော်များများထိုးကြပြီး နောက်ဆက်တွဲကျန်းမာရေးဝေဒနာကို ဆိုးဆိုးရွားရွားခံစားနေရပါတယ်။ တစ်ချို့အမျိုးသမီးတွေမှာ အဆိုပါ Gel ဟာ လက်မောင်းနေရာ၊ ချိုင်းနေရာနဲ့ ကျောကုန်းနေရာတွေကို ရွေ့သွားတာမျိုးတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဆရာဝန်တွေကတော့ အဆိုပါ Gel ပစ္စည်းဟာ ကင်ဆာဖြစ်စေတယ်လို့ ပြောကြားခဲ့ပါတယ်။

Ref Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။