ကမ္ဘာ့ သမုဒ္ဒရာပြင် ရေထုကြီး၏ မူလအစကို ယခင်က ကမ္ဘာနှင့် ကြယ်တံခွန်ကြီး တစ်ခု တိုက်မိ ခဲ့ရာမှ ဖြစ်ပေါ်လာ သည်ဟု သိပ္ပံပညာရှင် များက ယူဆထားရာမှ ကမ္ဘာ့မဏ္ဍိုင်တွင် တွေ့ရလေ့ ရှိသော ရင်ဝူဒိုက် သတ္တုသည်လည်း ကမ္ဘာ့ရေထုကြီး၏ အရင်းအမြစ် ဖြစ်နိုင်ကြောင်း ယူဆရနိုင်သည့် အထောက်အထား များကို တွေ့ရှိလာရသည့် အတွက် ကမ္ဘာတွင်လည်း မြေအောက် သမုဒ္ဒရာကြီးများ ရှိနေနိုင်မည်လားဟု သိပ္ပံပညာရှင်များ သုံးသပ်နေကြ ကြောင်း သိရပါတယ်။ 

ကမ္ဘာပေါ်ရှိသမုဒ္ဒရာများသည် ကမ္ဘာအား ကြယ်တံခွန်ကြီးတစ်ခုက ဝင်တိုက်မိခဲ့သည့် အတွက်ဖြစ်နိုင်ကြောင်း ၁၀-စုနှစ်ပေါင်းများစွာအထိ သိပ္ပံပညာရှင် များက သုံးသပ်နေခဲ့ရာမှ ယခုအခါ ကမ္ဘာ့မဏ္ဍိုင်ကျောက်သားများတွင် ပေါကြွယ်ဝစွာတည်ရှိနေသော မက်ဂနီဆီယွမ်ပြည့်ဝသည့် ဆီလီကိတ် တစ်မျိုးဖြစ်သည့် ရင်းဝူဒိုက် သတ္တုကလည်း ကမ္ဘာ့သမုဒ္ဒရာဖြစ်စဉ်တွင် အရေးပါလောက်သည်ဟု သိပ္ပံပညာရှင် တစ်ဦးဖြစ်သူ စတီဗင်ဂျက်ကော့ဆင်က သုံးသပ် ထားပါတယ်။ ကမ္ဘာပေါ်ကရေတွေက ဘယ်ကရောက် လာတာလဲလို့ ကျွန်တော် ထပ်မေးချင်ပါတယ်။ ကျောက်သားတွေ ကို လေ့လာရာမှ အတိတ်ကိုပြန်လေ့လာနိုင်သလို ကီလိုမီတာပေါင်း ရာပေါင်းများစွာအောက်က ရင်ဝူဒိုက် သတ္တုကိုသာ တိုက်ရိုက် တူးဖော်နိုင်မယ်ဆိုရင် ရေရဲ့အစပထမရင်းမြစ်ကို သိနိုင်မယ်လို့ယုံကြည်ပါ တယ်ဟု ဂျက်ကော့ ကပြောထားပါတယ်။

လွန်ခဲ့သောနှစ်ပေါင်းသန်းပေါင်းများစွာက မီးတောင်ချော်ရည်လမ်းကြောင်းတစ်ခုမှ တူးဖော်ရရှိခဲ့သည့် စိန်တုံးကြီး တွင် ရင်ဝူဒိုက်သတ္တုကို တွေ့ရှိခဲ့ကြရာမှ ယင်းရင်ဝူဒိုက်အား ဓါတ်ခွဲခန်းတွင် ပုံတူပြု လုပ်လေ့လာနေသော သိပ္ပံ ပညာရှင်များက ကမ္ဘာ့ရေထုကြီးသည် ယင်းရင်ဝူဒိုက်သတ္တုမှ ထွက်ပေါ်လာလေ သလားဟု သံယဖြစ်လာကြပါတယ်။။ ရင်ဝူဒိုက်သည် သာမန်ကျောက်သားများထက် ၁၀-ဆပို၍ ရေကိုထိန်းထားနိုင်သည်ကို တွေ့ရှိထားပြီး ကမ္ဘာအား ကြယ်တံခွန်တစ်ခုက ဝင်တိုက်မိခြင်းကြောင့် ရေထွက်ပေါ်လာသည်ဆိုစေအုံး၊ ယင်းရေထုမှာ ကမ္ဘာတွင်လည်း ကောင်း၊ ကြယ်တံခွန်တွင်လည်းကောင်း ရှိနှင့်ပြီး ဖြစ်နေရမည်ဖြစ်သည့်အတွက် ကမ္ဘာ့အောက်ပိုင်း ကျောက်သား ထုမှပင် ရေအရင်းအမြစ် စတင်ထွက်ပေါ်လာရခြင်းဖြစ်မည်ဟု သိပ္ပံပညာရှင်များက ယုံကြည်သုံးသပ်နေကြောင်း သိရပါတယ်။

Source : Lashio News Diary ( Facebook)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။