ထိုင်းလယ်သမား ဆူရတ် ဖျောင်ကတ်က သူထိန်းရတဲ့ တုံခမ်းဆိုတဲ့ ကျွဲလေးနဲ့အရမ်းကို ရင်းနှီးကျွမ်းဝင်နေတာပါ ။ ၃၄ နှစ်အရွယ် ဆူရတ်ဟာ ဒီကျွဲကို အငှားထိန်း ကျောင်းရသူ ပါ။ ဆူရက်က သူ့အချစ်တော် ကျွဲကြီးနဲ့သူ ဆယ်လ်ဖီပုံတွေ အင်တာနက်မှာ ရိုက်တင်ရင်း နာမည်ကြီးလာခဲ့တာဖြစ်ပါတယ် ။ သူတို့ပုံတွေက လူတွေကြား သိပ်ပေါက်သွားပြီး ထိုင်းမှာ သူတို့ဟာ အင်တာနက် ဆယ်လီတွေ ဖြစ်ကုန်ပါတယ်။ တုံခမ်းကလည်း သူ့လို လိုက်တုလုပ် တတ်တာကို ပုံနည်းနည်းလောက် ရိုက်ပြီးတဲ့အခါ သတိထားမိလာခဲ့တာပါ ။

ဖုန်းကို တည့်တည့်ကြည့်တာ၊ သူ့နားတိုးကပ်တာ၊ ပြုံးတာလိုဟာမျိုးတွေထိ လုပ်တတ်တယ်လို့ ဆူရတ်က ပြောပါတယ်။

ပုံတင်ပြီးခဏလေးအတွင်းမှာ like တွေ သောင်းချီရပြီး လူတွေက ဆက်တင်ပေးဖို့တောင်း ဆိုခဲ့ကြပါတယ် ။ တချို့ဆိုရင် ဒီပုံတွေကို ကြည့်ပြီး သူတို့နေ့စဉ်ဘဝ အမောတွေတောင် မေ့ သွားတယ် လို့ ပြောကြပါသေးတယ် ။ ဒါပေမဲ့ ကျွဲကြီး တုံခမ်းကို နောက်ပိုင်ရှင်လက်ကို ရောင်းတော့မယ်လို့ ဖျောင်ကတ်ကို သူ့ပိုင်ရှင်က ပြောတဲ့အခါ မှာတော့ စိတ်မကောင်း ဖြစ်ပေမယ့် သူ့မှာ ဝယ်စရာငွေအလုံလောက်မရှိဘူးလို့ ပရိသတ်တွေကိုပြောခဲ့ပါတယ် ။ တုံခမ်းကို ဝယ်ဖို့ ထိုင်းဘတ်ငွေ တသိန်း၊ ဒေါ်လာနဲ့ သုံးထောင်လောက် ရဖို့ လိုတယ်လို့ ရှင်းပြပြီး အလှူငွေထည့်ဝင်တဲ့သူတွေရှိလို့ အလှူဆက်ခံဖို့ ဆူရက်က ဆုံးဖြတ်ခဲ့ပါတယ် ။

နှစ်ရက်အတွင်း အလှူခံရငွေ ဘတ် ၁၃၆,ဝဝဝ လောက်ရပြီး အလှူခံတာကို စာရင်းပိတ် လိုက်ပါတယ်။ သူက ပိုတဲ့ငွေတွေနဲ့ ဘာလုပ်ရမလဲလို့လည်း facebook မှာမေးထားပါသေး တယ် ။ လာမယ့် ကြာသပတေးနေ့မှာပဲ အခမ်းအနားနဲ့ တုံခမ်းရဲ့ ပိုင်ရှင်ဆီကနေ လက် လွှဲယူမယ်လို့ဆူရက် က ပြောပါတယ်။ လှူတဲ့သူတွေကြား ရှင်းရှင်းလင်းလင်း ဖြစ်ရ အောင် အရာရှိတွေကို ဖိတ်ထားတယ် လို့လည်း သူကဆိုပါတယ်။

"သူတို့အားလုံးကို ကျေးဇူးတင်တယ်၊ တုံခမ်းကို တသက်လုံး ပျော်အောင်ထားပြီး ဓာတ်ပုံတွေ မှန်မှန်တင်ပေးပါ့မယ်၊ တုံခမ်းဆီ လာလည်ချင်သူတိုင်းကိုလည်း ကြိုဆိုတယ် " လို့ဆူရက် က ပြောပါတယ်။

"လယ်ကွင်းနဲ့ အိမ်ကလေးတလုံး၊ ကျွဲတကောင်နဲ့ နေရတဲ့ဘဝကို ကျွန်တော် စိတ်ကူးယဉ် လေ့ ရှိပါတယ်။ ကျွဲကို စီးပြီး လယ်ကွင်းကို သွားတာပေါ့၊ တုံခမ်းရှိလာတော့ ကျွန်တော့ အိပ်မက်တွေ ဖြစ်လာပြီပေါ့" လို့ဆူရက်က လူမှုကွန်ယက်စာမျက်နှာ ကနေရေးသားခဲ့ ပါတယ် ။

Source : BBC Burmese

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။