Samsung မှ အဝတ်လျှော်စက်များ ပေါက်ကွဲနိုင်ခြေရှိမှုကြောင့် အမေရိကန်သတိပေး

Samsung မှ Galaxy Note 7 ပေါက်ကွဲမှုကြောင့် ဖုန်းတွေပြန်သိမ်းအပြီးမှာဘဲ အဝတ်လျှော်စက်တွေ ပေါက်ကွဲနိုင်တဲ့ သတင်းထွက်လာပါတယ်။ 2011 ကနေ 2016 ကြားထွက်တဲ့ စက်တွေကို သတိပေးထားပါတယ်။ ဒီသတိပေးချက်က ပေါက်ကွဲမှုကြောင့် ဝယ်ယူသူများမှ Samsung ကို တရားစွဲဲပြီး တစ်လအကြာမှာ ထွက်လာခြင်းဖြစ်ပါတယ်။

တက်ဆက်စ်ပြည်နယ်မှ မက်အလန်ဆိုသူ အမျိုးသမီးပိုင်ဆိုင်သော အဝတ်လျှော်စက်မှာ အလွန်ပြင်းထန်စွာ ပေါက်ကွဲပြီး ဂိုဒေါင်ရှိ နံရံအတွင်းကို ထိခိုက်သွားကြောင်း တရားရုံး ဖိုင်တွဲ၌ ဖော်ပြထားသည်။ ဂျော်ဂျီယာပြည်နယ် ဒဲလက်စ်မြို့ရှိ အမျိုးသမီးကမူ ဗုံးပေါက်သကဲ့သို့ အသံမျိုး ခံစားလိုက်ရကြောင်း ပြောဆိုခဲ့သည်။ တရားလိုများက အွန်လိုင်းဖိုင်တွဲများနှင့် ဒေသတွင်း သတင်းစာများမှ စုစည်းထားသော အလားတူ အစီရင်ခံများကိုလည်း နယူးဂျာစီရှိ ဖက်ဒရယ် တရားရုံးသို့ လျှောက်ထားထားကြောင်း သိရသည်။ အစီရင်ခံစာတွင် Samsung သည် ပေါက်ကွဲ ပျက်စီးသွားသော အဝတ်လျှော်စက်များကို ရယူသွားပြီး သက်သေများကို ဖျက်ဆီးသွားကြောင်း ဖော်ပြထားသည်။ Samsung အနေဖြင့် တရားစွဲဆိုမှုကို မှတ်ချက်မပြုသေးကြောင်းသိရသည်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။