ဝေဖန်မှုတွေနဲ့ကြုံခဲ့ရတဲ့ မြန်မာ့အကယ်ဒမီပေးပွဲအကြောင်းကို ငဘဇာတ်ကားနဲ့အကယ်ဒမီတစ်ပြေးနေတဲ့ ၀ါရင့်သရုပ်ဆောင် ဦးကျော်သူရဲ့ ပြည်တွင်းသတင်းဌာနတစ်ခုမှ အင်တာဗျူးမှာ ပြောကြားချက်တွေကို ကောက်နုတ်ဖော်ပြလိုက်ပါတယ်။

" အကယ်ဒမီက ကျွန်တော်တို့ကတော့ ဟိုးကတည်းကကြုံတွေ့ခဲ့တော့ ရင်လည်းမခုန်တော့ဘူး။ သိပ်ပြီးထူးခြားမှုလည်း မရှိဘူးလို့ မြင်တယ်။ ဒီနှစ်တော့ ဘယ်လိုဖြစ်မလဲမသိဘူးပေါ့လေ။ ကျွန်တော်တို့ ကြုံဖူးတာက ကျွန်တော်တို့ကိုခေါ်ပြီး အရှက်ခွဲခံရတာမျိုးတွေဖြစ်ခဲ့တာကိုး။ တစ်ပြေးနေတဲ့ဟာ နာမည်ကြေညာတော့ ကိုကျော်ဆိုပြီး ဆွဲထားတယ်။ မီဒီယာတွေက ကျွန်တော့်ကို ဓာတ်ပုံဝိုင်းရိုက်။ နောက်ကျတော့မှ ဟိန်းဆိုပြီး လုပ်လိုက်တယ်။နောက်ဆရာဝန်ကာ ရိုက်တာလုပ်ပြီး အပေါ်အကျႌ ကြယ်သီးမတပ်လို့ဆိုပြီး မပေး တာ။ ‘မူပိုင်ချစ်သူ’တို့ဘာတို့၊ ‘မူပိုင်ချစ်သူ’မှာ မဆင့်ရတဲ့အခန်း တွေဆိုရင် ကျွန်တော့်အကောင်း ဆုံးအခန်းတွေ ဖြစ်နေတယ်။ အဲဒီ လိုမျိုးပေါ့လေ။ အဲဒါကြောင့် မခံ စားရတော့ဘူး။ "

အကယ်ဒမီက နတ်ကြီးတယ်ဆိုတဲ့အမြင်အပေါ်ကိုတော့ ယခုလိုဖြေကြားခဲ့ပါတယ်။

" နတ်ကြီးတာမဟုတ်ပါဘူး။ အခုတော့ မပြောတတ်ဘူး။ အရင်တုန်းကတော့ အပေးကောင်းရင်၊ အဖားကောင်းရင် ရတယ်။ ဒါမျိုးဖြစ်နေတာ။ မနှစ်ကဆိုရင် ရုပ်ရှင်လောကသားကပဲပေးတာပဲ။ ပြီးတော့ ပွဲဆူသွားတာပဲ။ ကိုခင်လှိုင် ကိစ္စတို့ ဒါမျိုးတွေမရတာတွေက သက်သက်ခေါ်ပြီး အရှက်ခွဲတဲ့အနေအထားမျိုးတွေ ဖြစ်တော့မကောင်းဘူး။ " 

" ငဘ " ရုပ်ရှင်နဲ့ပတ်သတ်ပြီး အကယ်ဒမီတစ်ပြေးနေမှုအပေါ် ဦးကျော်သူမှ..

" 'ငဘ' နဲ့ပတ်သက်ပြီးတော့ ကျွန်တော်က အကောင်းဆုံးဖြစ်အောင်၊ အပီပြင်ဆုံးဖြစ်အောင်တော့ ကြိုးစားထားတာပဲ။ ပရိသတ်ကတော့ ကြိုက်တယ်။ ပရိသတ်ပေးတဲ့ဆုတော့ ရပြီးသား။ ရုပ်ရှင်အကယ်ဒမီဘုတ်အဖွဲ့ပေးတဲ့ ဆုပဲကျန်တာ။ ပေးရင်လည်းယူမယ်။ မပေးရင်လည်း မယူဘူးပေါ့။ "

Source : 7days

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။