တရုတ်နိုင်ငံ စီချွမ်ပြည်နယ်မှာတော့ ၂၄ နှစ်လုံးလုံး သမီးပျောက်ရှာပုံတော်ဖွင့်ခဲ့တဲ့ အဖေတစ်ယောက်ကတော့ သမီးလေးနဲ့ပြန်လည်ဆုံးစည်းနိုင်ခဲ့ပြီပဲဖြစ်ပါတယ်။ဝမ်မင်ချင်းလို့အမည်ရတဲ့ အမျိုးသားတစ်ဦးကတော့ ပျောက်ဆုံးနေတဲ့သမီးလေးရဲ့အမည်ဖြစ်ပြီး ဇနီးဖြစ်သူနှင့်အတူ စီချွမ်ပြည်နယ်ရဲ့ မြို့တော် ချန်ဒူးမှာနေထိုင်တဲ့ ဈေးသည်တစ်ဦးပဲဖြစ်ပါတယ်။  

သမီးဖြစ်သူချီဖန်းလေးကတော့ အသက်၃ နှစ်အရွယ်မှာ ဝမ်တို့ဇနီးမောင်နှံအနေနဲ့ ဈေးဝယ်တွေနဲ့အလုပ်ရှုပ်နေစဉ်ပြောက်ဆုံးသွားခဲ့တာဖြစ်ပါတယ်။ဝမ်တို့မိသားစုကတော့ နောက်ထပ်သမီးလေးတစ်ယောက်ရှိနေသေးပေမယ့် ချီဖန်းလေးတစ်နေ့အိမ်ပြန်ရောက်လာရမယ်ဆိုတဲ့စိတ်နဲ့ ချန်ဒူးကနေ တဖဝါးမှမခွာပဲနေခဲ့ကြတယ်လို့သိရပါတယ်။ဝမ်ကတော့ အဌားယာဉ်မောင်းအလုပ်က တစ်မြို့လုံးနေရာအစုံရောက်နိုင်တဲ့အတွက် ထိုအလုပ်ကိုရွေးချယ်ပြီး ကားရဲ့နောက်မှန်မှာ သမီးပျောက်ကြော်ငြာ အကြီးကြီးကပ်ပြီး ချန်ဒူးမြို့အနှံ ကားမောင်းကာ ၂၄ နှစ်လုံးလုံးရှာဖွေခဲတာပဲဖြစ်ပါတယ်။သမီးပျောက်ကြော်ငြာမှာသုံးထားတဲ့ဓာတ်ပုံကတော့ သမီးလေးချီဖန်းရဲ့ဓာတ်ပုံမရှိတာတော့ ရုပ်ချင်းဆင်တဲ့ အခြားကလေးတစ်ယောက်ရဲ့ ပုံကိုသုံးခဲ့ရတယ်လို့သိရပါတယ်။ 

ဝမ်ရဲ့ထိုလုပ်ရပ်တွေက တဖြေးဖြေးမီဒီယာတွေကိုသတိထားမိလာစေပြီး ရဲတွေအတွက် ပုံတူဆွဲပေးတဲ့ပန်းချီဆရာတစ်ယောက်ကပါ ချီးဖန်းရဲ့ပုံတူပန်းချီကိုရေးဆွဲပေးခဲ့တာကြောင့် ထိုပုံဟာ အင်တာနက်ပေါ်မှာပျံံနှံ့သွားခဲ့ပြီး ယခုနှစ်အစောပိုင်းမှာတော့ ပျောက်နေတဲ့ သမီးချီဖန်းက စတင်ဆက်သွယ်လာခဲ့တယ်လို့သိရပါတယ်။ ချီဖန်းဆိုတဲ့သမီးလေးကတော့ ကန်ယင်းဆိုတဲ့နာမည်လေးနဲ့အတူ ဝမ်ကိုဆက်သွယ်လာခဲ့တာဖြစ်ပြီး ယခု ဧပြီလ ၃ရက်နေ့မှာတော့ သမီးအဖြစ်အတည်ပြုနိုင်ကာ ပြန်လည်ဆုံစည်းနိုင်ခဲ့ပြီပဲဖြစ်ပါတယ်။သမီးလေးတစ်ယောက်ကို ၂၄ နှစ်ကြာခွဲခွာနေရတဲ့ အဖေရဲ့တစ်ယောက်ရဲ့ခံစားချက်နဲ့ အရွယ်ရလာတဲ့အချိန်ကြမှ အဖေရင်းတစ်ယောက်ကို တွေ့ရှိလိုက်ရတဲ့ သူတို့နှစ်ဦးရဲ့ ခံစားချက်လေးတွေကတော့ မျက်ရည်လေးတွေလည်ရင်း ပီတိလေးတွေဖြာနေတော့ ကြည်နူးစရာကောင်းလှတဲ့အတွက် ပရိတ်သတ်တွေအတွက် ဒီသတင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ 

Ref google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။