သရုပ်ဆောင်ဒိန်းဒေါင်အတွက် ရွှေတစ်ပိသာတန်ဖိုးရှိဝတ်စုံစပွန်ဆာပေးမယ့် အောင်သမာဓိရွှေဆိုင်

လာမည့် အကယ်ဒမီပေးပွဲကို တက်မယ့် သရုပ်ဆောင်ဒိန်းဒေါင်အတွက် သိန်းတစ်ထောင်နီးပါးတန်ဖိုးရှိတဲ့ ရွှေစလွယ် ရွှေခါးပတ် နှင့် ရွှေလက်ကိုင်အိတ်တို ့ကို စပွန်ဆာအဖြစ် ပေးသွားမယ်လို ့အောင်သမာဓိရွှေဆိုင်က မဖြူဖြူအောင်ရဲ ့ပြောကြားချက်အရသိရှိရပါတယ်။

“အစ်မတို့က ဒီနှစ်အကယ်ဒမီပေးပွဲက မြန်မာမှုပြုတဲ့ ဝတ်စုံတွေအဓိက ထားရမယ်ဆိုတော့ အစ်မတို့ အောင်သမာဓိ က ကိုဒိန်းဒေါင်အတွက် ရွှေစလွယ်

ရွှေခါးပတ် ယောကျာ်းကိုင်ရွှေပိုက်ဆံအိတ်

အစရှိတာတွေနဲ့ ကြည့်လိုက်ရင်နန်းဆန်ပြီး ပွဲတက်တဲ့အခမ်းအနားပုံစံမျိုး ဖော်ထားတာပါ ။

ရွှေ ၁ ပိသာနီးပါးလောက်ရှိပါတယ်။ ကာလတန်ဖိုး သိန်းတထောင်နီးပါးရှိပါမယ်။

ရွှေအကျီ်တိုက်ပုံ ပုံစံမျိုးမဟုတ်ပေမယ့် သေချာပြုလုပ်ထားပါတယ် ”လို ့မဖြူဖြူအောင်ကပြောပါတယ်။

ဒီနှစ်အကယ်ဒမီပေးပွဲမှာတော့ ဘယ်အနုပညာရှင်တွေက ဘယ်လိုဒီဇိုင်းမျိုးနဲ ့တက်ကြမယ်ဆိုတာ စိတ်ဝင်စားစွာနဲ ့စောင့်ကြည့်ရမှာဖြစ်ကြောင်းလည်းပြောသွားခဲ့ပါတယ်။

Source: Kumudra 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။