ကမ္ဘာ့နိုင်ငံတွေအလည်မှာ မြန်မာအလံကိုလူသိရှင်ကြားပြသနေတဲ့ လက်ဝှေ့ဖိုက်တာမလေးတွေထဲမှာ ဗြိတိန်သူလေး Nicola Barke လည်း တစ်ယောက်အပါအဝင်ဖြစ်နေတာကို အားလုံးလည်းတွေ့ရမှာပဲဖြစ်ပါတယ်။ သူမကတော့ မွေထိုင်းနဲ့ ကစ်ဘောက်ဆင်နယ်ပယ်မှာ ပရော်ဖက်ရှင်နယ်ပွဲတွေထိုးသတ်နေပြီး နိုင်ပွဲတိုင်းကို မြန်မာ့အလံလွှင့်ကာ အောင်ပွဲခံတက်သူတစ်ယောက်လည်းဖြစ်ကြောင်း သိရပါတယ်။ Nicola Barkeရဲ့ ဖေ့စ်ဘွက်အကောင့်ကတော့ အောင်လအန်ဆန်းနှင့်ဆင်တူတဲ့ Nicola The Burmese Python လို့အမည်ပေးထားပြီး သူ့မရဲ့ မိခင်ကတော့ မြန်မာပြည်မှာ မွေးပြီး မြန်မာပြည်မှာ ကြီးပြင်းခဲ့သူတစ်ယောက်ဖြစ်ကြောင်း သိရပါတယ်။  

Nicola Barke ဟာဗြိတိန်မှာ မွေးဖွားကြီးပြင်းခဲ့ပေမယ့် သူမမိခင်ရဲ့အမွေကို ခံယူတဲ့အနေနဲ့ မြန်မာနိုင်ငံကို ကိုယ်စားပြု ယှဉ်ပြိုင်နေကြောင်း သိရပါတယ်။ သူမကတော့ ပရော်ဖက်ရှင်နယ်ပွဲတွေကို ဝင်ရောက်ထိုးသတ်နေသူတစ်ယောက်ဖြစ်တဲ့အပြင် လက်ဝှေ့ပွဲပေါင်းများစွာကို ထိုးသတ်ခဲ့ဖူးသူတစ်ယောက်ဖြစ်ကြောင်း သိရပါတယ်။  

ဒီကနေ့ Nicola Barkeကတော့ သူမရဲ့လူမှုစာမျက်နှာပေါ်တွင် အတိတ်ကပွဲကောင်းတစ်ခုကိုပြန်လည်မျှဝေထားတာတွေ့ရပါတယ်။ အဆိုပါ ပွဲကတော့ ၂၀၁၇ ခုနှစ်က the Amateur British Champion ဖြစ်ခဲ့တဲ့ ပွဲကောင်းတစ်ပွဲပဲဖြစ်ပါတယ်။ ပြည်တွင်း ပရိသတ်တွေကြားရေပန်းစားနေတဲ့ ဗြိတိန်နိုင်ငံသူ လက်ဝှေ့ဖိုက်တာမလေး Nicola the Burmese Pythonရဲ့ ဗီဒီယိုဖိုင်လေးကို ချစ်ပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

vIDEO - Nicola the Burmese Python

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။