ခုခေတ်မှာ အနောက်တိုင်းဝတ်စုံက ပွဲတိုင်းလိုလို ဝတ်လာကြပါပြီနောက်ပြီး Office Suit အနေနဲ့လည်း ဝတ်ဆင်ကြပါတယ်၊ ဒီအထဲမှာ အနောက်တိုင်းဝတ်စုံ ဆိုရင် နက်ခ်တိုင်(necktie) ကမပါမဖြစ်ပါ။ပြီးပြည့်စုံတဲ့ အနောက်တိုင်းဝတ်စုံ တစ်စုံ အတွက် necktie ကပါကိုပါရပါမယ်။ ဝတ်စုံအပြည့်စုံဆိုရင် ဖိနပ်ကအစနက်ခ် တိုင်း အဆုံးပါပဲ။ ကဲဒီတော့ necktie ကို ဆွဲတတ်တဲ့သူမှ ဆွဲတတ်တာမဟုတ်လား၊ သူအတွက် ဆွဲပုံဆွဲနည်း လေးတွေရှိပါတယ်။ ပုံစံအမျိုးမျိုးရှိပါတယ် စည်းပုံစည်းနည်းမှားရင်လည်း မလှမပနဲ့ ကြည့်မကောင်းလှပါဘူး။ နည်းစနစ်မှန်ဖို့လိုပါတယ်။ ဒါကြောင့် necktie စည်းနည်းလေးတွေကို တင်ပြလိုက်ရပါတယ်။ 

ဒါကတော့ ပုံမှန်မြင်နေကျမဟုတ်ပေမဲ့ လုပ်နည်းလေးတွေကို အသေစိတ်ဖော်ပြထားတော့ လိုက်လုပ်ကြည့်ပါနော်။ အမြင်လေး ဆန်းပြီး စတိုင်ကျစေပါတယ်။နက်ခ်တိုင် တစ်ခုဆွဲတတ်တာလည်း ပညာတစ်ခုပါပဲ။

နာက်ခ်တိုင်နဲ့ တွဲဘက်ဝတ်ဆင်မဲ့ shirt ကိုလည်း ရွေးဝယ်တတ်ဖို့လိုပါတယ်။ ဒါမှကိုယ်ဆွဲထားတဲ့ necktie ကပိုပြီးထင်သာမြင်သာနဲ့ ဆွဲဆောင် မှုပိုရှိစေမှာဖြစ်ပါတယ်။ shirt အပြင်ကဝတ်မဲ့ ကုတ်ကိုလည်း စမတ်ကျနေဖို့ လိုပါသေးတယ်။ ကုတ်ဆိုက်က ကြီးပြီးလူကသေးနေရင်လည်း ငှား ဝတ်လာသလိုမျိုးကြည့်မကောင်းပါဘူး။ ခန္ဓာကိုယ်နဲ့ လိုက်ဖက်မဲ့ ကုတ်ကိုရွေးပါ။ သို့မဟုတ် ဆိုင်သွားချုပ်ပါ။ အထူးသဖြင့် ရယ်ဒီမိတ်တွေက စိတ်မချရပါဘူး။ ကိုယ်တိုင်းနဲ့ ချုပ်ဝတ်တာက ပိုကြည့်ကောင်းပြီးခန့်နားနေမှာ အသေချာပဲနော်။ ကဲ ကောင်မလေးတွေ ကြိတ်ကြွေသွားအောင် နက်ခ်တိုင်လေး စည်းလိုက်ကြစို့

Jolly

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။