၇.၃.၂၀၁၇ ရက်နေ့ ၀၁၃၀အချိန်တွင်ဒဂုံမြို့နယ်နေ ကို----သည်သူငယ်ချင်း ၂

ဦးနှင့်အတူ ဒဂုံမြို့နယ်၊ ဦးဝိစာရရပ်ကွက်၊ မြို့မကျောင်းလမ်း၊ အမျိုးသား

ကဇာတ်ရုံရှေ့ရှိ ပလက်ဖောင်း၌ထိုင်နေကြစဉ် အမျိုးသား ၂ ဦးရောက်ရှိ

လာပြီး “လှိုင်သာယာမြို့နယ်ကို ဘယ်လိုသွားရမလဲ”ဟုမေးမြန်းသဖြင့်

လမ်းညွှန်ပြောပြနေစဉ် ၎င်းအမျိုးသား ၂ ဦးမှ ခါးကြားတွင်အသင့်ယူဆောင်

လာသည့် အရိုးအသွား ၁ ပေခွဲခန့်ရှိ ဓား ၂ ချောင်းအားထုတ်၍ ချိန်ရွယ်

ထားပြီး ရှိသမျှထုတ်ပေးရန်ခြိမ်းခြောက်ပြောဆိုကာ ၎င်းတို့ ၃ ဦးထံမှ

ငွေကျပ် ၄၁၀၀၀၊ Samsung အမျိုးအစားလက်ကိုင်ဖုန်း ၁ လုံးနှင့် Coolpad

အမျိုးအစား လက်ကိုင်ဖုန်း ၁ လုံးတို့အား ယူဆောင်သွားပြီး အနီးရှိမှောင်ရိပ်

တွင် ယာဉ်မောင်းတစ်ဦးနှင့် ယာဉ်နောက်ခန်းတွင် အမျိုးသားတစ်ဦးတို့

စက်နှိုးလျက်အသင့် စောင့်နေသော ဒိုင်နာမော်တော်ယာဉ်ပေါ်သို့

ပြေးတက်ကာ မောင်းနှင်ထွက်ပြေးသွား ကြောင်း တိုင်တန်းချက်အရ

ဒဂုံမြို့မရဲစခန်း(ပ)၃၈/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ-၃၈၆/၁၁၄ ဖြင့် အမှုဖွင့်ကာ

ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်ခဲ့ပါသည်။

အမှုနှင့်ပတ်သက်၍ အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းနှိမ်နင်းရေးဌာန

စုမှတပ်ဖွဲ့ဝင်များနှင့် ဒဂုံမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များက စုံစမ်းဆောင်ရွက်ခဲ့ရာ

ပြစ်မှုကျူးလွန်သူများမှာ လှိုင်သာယာမြို့နယ်တွင်နေထိုင်သူများဖြစ်ကြောင်း

စုံစမ်းသိရှိရသဖြင့် ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ ရ.၁.၂၀၁၇ ရက်နေ့

၁၈၄၀ အချိန်ခန့်တွင် လှိုင်သာယာမြို့နယ်နေ မျိုးအောင်၊ ပစောက်(ခ)

သက်ပိုင်ထွန်း၊ ကိုခိုင်(ခ)ကျော်သူရခိုင်တို့အား လှိုင်သာယာမြို့နယ်အတွင်းမှ

ဖမ်းဆီးရမိခဲ့ပြီး ပြစ်မှုကျူးလွန်စဉ် အသုံးပြုခဲ့သည့် ဒိုင်နာမော်တော်ယာဉ်နှင့်

လက်ကိုင်ဖုန်း ၁ လုံးတို့အား သိမ်းဆည်းရမိခဲ့ပါသည်။

ဖမ်းဆီးရမိသူ ၃ ဦးအား စစ်ဆေးခဲ့ရာ ပြစ်မှုကျူးလွန်ရာတွင်အသုံးပြုခဲ့သည့်

ဓား ၂ ချောင်းနှင့် ၎င်းတို့လုယူခဲ့သည့် လက်ကိုင် ၁ လုံးတို့မှာ ပြစ်မှုကျူးလွန်

ရာတွင်ပါ၀င်ပြီး ထွက်ပြေးလွတ်မြောက်နေသူ ဇင်မင်းထွန်း(ခ)ပေါင်မုန့်ထံတွင်

ပါရှိသွားကြောင်းပေါ်ပေါက်ခဲ့သဖြင့် ၎င်းအားဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက်ရှိ

ကြောင်း သတင်းရရှိပါသည်။

Yangon Police

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။