လူမင်း တို့ ဇနီးမောင်နှံဟာ မတ်လ(၉)ရက်မှာ ဇာတ်ပို့သရုပ်ဆောင်ဦးညီညီမင်း ရှိရာနေအိမ်ကို သွားရောက်ကူညီအားပေးခဲ့တယ်လို့ လူမှုကွန်ရက်မှာ တင်ထားပါတယ်။

မကြာသေးမီရက်ပိုင်းက တောင်ဥက္ကလာပ (၉)ရပ်ကွက် မီးလောင်မှုမှာ လူကြမ်းဇာတ်ပို့သရုပ်ဆောင် ဦး ညီညီမင်း ရဲ့ နေအိမ်လည်း မီးလောင်ဆုံးရှုံးခဲ့ရတာပါ။

လူရွှင်တော် ကောင်းကျော် နဲ့ ဝိုင်းချစ် တို့အဖွဲ့ ကတော့ မတ်လ(၈)ရက်နေ့မှာ သွားရောက်အားပေးပြီး ငွေကြေးလှုဒါန်းကူညီခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ မီးလောင်မှုကြောင့် အခုလို အနုပညာရှင်တစ်ဦး ရဲ့နေအိမ်ဆုံးရှုံးမှုဖြစ်ပွားတာ ဟာ ပထမဆုံးအကြိမ်ဖြစ်မယ်လို့ထင်ပါတယ်။

နောက်ထပ်ဘယ်အနုပညာရှင်တွေက သွားရောက်ကူညီမလဲဆိုတာ စောင့်ကြည့်ရပါဦးမယ်။ အမြန်ဆုံး အဆင်ပြေပါစေ ဦးညီညီမင်းရေ။  

သတင်းအရင်းမြစ် Ayarwady Lumin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။