ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၄ ရက်နေ့ စနေ့နေ့မှာတော့ မေဆင် ကမ်းခြေတစ်လျှောက်မှာ ဝေလငါးတွေပြန့်ကျဲသောင်တင်နေတာကို ကမ်းခြေရှိလူတွေက စတင်တွေ့ရှိခဲ့ကြတယ်လို့သိရပါတယ်။

အဲ့လိုသောင်တင်နေတဲ့ ဝေလငါးတွေတွေထဲက တချို့တဝက်လောက်ဟာ လူတွေစတင်တွေ့ရှိခဲ့ချိန်ထဲက သေဆုံးနေပြီဖြစ်သလို အသက်ရှင်နေသေးတဲ့ ဝေလငါးတွေကိုလည်း ပင်လယ်ထဲ ပြန်လွှတ်ပေးဖို့ကျိုးစားခဲ့ပေမယ့် မအောင်မြင်တာကြောင့် သောင်တင်လာခဲ့ ဝေလငါး ၁၄၅ ကောင်လုံးသေဆုံးခဲ့ပါတယ်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းဌာနက ဝန်ထမ်းတစ်ဦးကတော့ ဒီဖြစ်ရပ်လေးကတော့ ဝမ်းနည်းဖွယ်ပါပဲ ။ ကမ်းခြေမှာအသက်ရှင်နေတဲ့ ဝေလငါးတွေကို ပင်လယ်ထဲပြန်လွှတ်ဖို့ဆိုတာ ဖြစ်နိုင်ချေက အင်မတန်နည်းပါးတယ်၊ ဖြစ်တဲ့နေရာကလည်း သွားလာဖို့ခက်ခဲတယ် ၊ အနီးအနားမှာ ကျွမ်းကျင်တဲ့ ဝန်ထမ်းတွေလည်းမရှိဘူး ။ ဝေလငါးတွေရဲ့ ကျန်းမာရေးအနေအထားကလည်း ဆိုးရွားနေတယ် ၊ ဒီအနေအထားမှာ လူသားအဆန်ဆုံးလုပ်နိုင်တာတစ်ခုကတော့ သူတို့ကို ညင်ညင်သာသာနဲ့ အသက်သေဆုံးဖို့ ကူညီပေးတာပဲလို့ ပြောကြားခဲ့ပါတယ်။  

ဒီဖြစ်ရပ်ကို လူသူအရောက်အပေါက်နည်းတဲ့ နေရာမှာစခန်းချပြီး အပျော်ခရီးထွက်နေတဲ့ ခရီးသွားတစ်ဦးကစတင်တွေ့ရှိခဲ့တာပဲဖြစ်ပါတယ်။

အခုလိုဝေလငါးတွေ သောင်တင်လာတဲ့ဖြစ်ရပ်မျိုးဟာ နယူးဇီလန်နိုင်ငံမှာ ဖြစ်လေ့ဖြစ်ထရှိပေမယ့် အခုလိုဆုံးဖြတ်ချက်မျိုးကတော့ အမြဲတမ်းရင်ကွဲပက်လက် စိတ်ထိခိုက်ကြေကွဲစရာ ဆုံးဖြတ်ချက်တစ်ခုဖြစ်တယ်လို့သိရပါတယ်။ 

source - BBC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။