လက်ရှိအချိန်မှာတော့ ပရိသတ်တွေစွဲစွဲမြဲမြဲ အသုံးပြုနေကြတဲ့ ဖေ့ဘွတ်ဟာ နိုင်ငံတော်တော်များများက ဥပဒေပြုအမတ်တွေရဲ့ ပြင်းပြင်းထန်ထန်ဝေဖန်မှုကို ခံနေရပါတယ်။

ဖေ့ဘွတ်ဟာ အသုံးပြုသူ ၈၇ သန်းရဲ့ကိုယ်ရေးအချက်အလက်တွေကို သုတေသနကုမ္ပဏီတစ်ခုကနေ ဖွင့်ချခဲ့ရပြီးနောက်မှာ ဝေဖန်မှုတွေသာမက အပြစ်တင်မှုတွေများစွာကိုပါခံနေရတာပဲဖြစ်ပါတယ်။  

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၇ ရက်နေ့မှာဆိုရင်လည်းနိုင်တော်တော်များများက ဥပဒေပြုအမတ်တွေဟာ ဖေ့ဘွတ်ဟာ ဒီမိုကရက်တစ် အင်စတီကျူးရှင်းတွေကို အားနည်းစေတယ်လို့ စွပ်စွဲပြောဆိုခဲ့ပါတယ်။

သို့ပေမယ့် ဖေ့ဘွတ်ရဲ့ စီအီးအို မ့ာခ်ဇူကာဘတ်ကတော့ ဒီစွပ်စွဲမှုနဲ့ပတ်သတ်ပြီး ကိုယ်တိုင်လာရောက်ဖြေကြားတာမျိုးမပြုလုပ်ခဲ့တာကြောင့် ပြစ်တင်ရှုတ်ချမှုတွေကိုခံနေရပါတယ်။ 

ဒါ့အပြင် ဗြိတိန်ပါလီမန် အပြင်ဘက်မှာလည်း ဇူကာဘတ် ပုံစံနဲ့ သရုပ်ဖော်ဆန္ဒပြမှုတွေကို အာဗက်ဇ် ဆိုတဲ့ လှုပ်ရှားမှုအဖွဲ့က လုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။