မိဘဆိုတာကတော့ ကိုယ့်ရဲ့သားသမီးလေးတွေကို အမြင့်ကိုရောက်စေချင်တဲ့စိတ်ကလေးအမြဲရှိနေတာကြောင့် တစ်ခါတရံမှာ ကိုယ့်ရဲ့သားသမီးလေးတွေဟာ ဆိုးသွမ်းတဲ့သူတွေနဲ့ချစ်သူရည်းစားဖြစ်နေပြီဆိုရင်တော့ အချိန်မှီတားဆီးကယ်တင်ပေးတတ်ကြတာဟာ မိဘတွေရဲ့လုပ်ရိုးလုပ်စဉ်တစ်ခုပါပဲ။

ဒါပေမယ့် တခါတလေမှာ မိဘတွေရဲ့အတွေးအခေါ်ဟာ အရမ်းအစွန်းရောက်နေပြီဆိုရင်တော့ သားသမီးလေးတွေဟာ မိဘတွေရဲ့ စိုးရိမ်စိတ်ကနေဖြစ်ပေါ်လာတဲ့ ဒုက္ခတွေကို ခံစားရပြီပဲဖြစ်ပါတယ်။

ဒီအကြောင်းအရာလေးနဲ့ပတ်သတ်တဲ့အဖြစ်အပျက်လေးတစ်ခုကိုဖော်ပြရမယ်ဆိုရင်တော့ တရုတ်နိုင်ငံက Zhang Qi ဆိုတဲ့မိန်းကလေးရဲ့ အဖြစ်အပျက်လေးကိုဖော်ပြပေးချင်ပါတယ်။ 

Zhang Qi ဟာ သူရဲ့ချစ်သူရည်းစားကို မိဘတွေကသဘောမတူဘဲ ချစ်သူတို့ရဲ့အချစ်လေးကို အဆုံးသတ်ဖို့ မိဘတွေကအတင်းအကျပ်စေခိုင်းခဲ့တာကြောင့် ဟာ သူမကိုချစ်သူရည်းစားကိုအဆက်ဖြတ်ခဲ့ရပါတယ်။

ဒါပေမယ့် အတွေးလွန်နေတဲ့မိဘတွေဟာ သူမကို ရည်းစားနဲ့အဆက်အသွယ်ဖြတ်ခိုင်းရုံနဲ့တင်မပြီးနိုင်ခဲ့ဘဲ ပြန်ဆက်သွယ်မှာစိုးလို့ဆိုပြီး ၆ နှစ်လောက် တိုက်ပိတ်ပြီး အရှင်လတ်လတ် အကျဉ်းချခံရသလို ပိတ်လှောင်ထားခဲ့ကြပါတယ်။

အချိန်အနည်းငယ်ကြာလာတာနဲ့အမျှ ဒီအဖြစ်အပျက်ကို သူမတို့နေထိုင်တဲ့ရွာကလူတွေက သိရှိလာခဲ့ပေမယ့်လည်း မိဘတွေဟာ ရွာမှာအာဏာရှိသူတွေဖြစ်တာကြောင့် မည်သူတစ်ဦးတစ်ယောက်ကမှ Zhang Qi ရဲ့ဘဝကိုမကယ်တင်နိုင်ခဲ့ပါဘူး။

ဒါပေမယ့် Zhang Qi အခုလို ဒုက္ခခံနေရတာခြောက်နှစ်လောက်ကြာတဲ့အချိန်မှာတော့ Chow Jen ဆိုတဲ့အမျိုးသားတစ်ဦးကဒီအဖြစ်အပျက်ကို အွန်လိုင်းပေါ်တင်ပြီး ဖော်ထုတ်ခဲ့ပါတော့တယ်။

သူဟာ “ ကျွန်တော်ဒီကလေးမလေးကို တရုတ်နှစ်သစ်ကူးရောက်တိုင်း ခိုးပြီးသွားတွေ့တယ် ။ဒီနှစ်မှာတော့ Zhang Qi ဟာ ကောက်ရိုးပုံလေးပေါ်မှာ လေးမှာအစာခွက်ကလေးချပြီး အစာရေစာလည်းမလောက်ဌ ကယ်တင်မဲ့သူလည်းတစ်ဦးတစ်ယောက်မှမရှိတဲ့အဖြစ်ကို ကျွန်တော်ကြည့်ပြီး ဘယ်လိုမှမနေနိုင်တော့တာကြောင့် ဓာတ်ပုံတွေရိုက်ကြီး ဒီကိစ္စကိုဖော်ထုတ်ခဲ့တာပါ” လို့ ပြောကြားခဲ့ပါတယ်။ အခုလိုလုပ်ရပ်မျိုးဟာ ဖြစ်သင့်တဲ့လုပ်ရပ်လား မဖြစ်သင်တဲ့လုပ်ရပ်လားဆိုတာ ပရိသတ်တွေလည်းပြောပြခဲ့ကြဦးနော်။

source -EMIRATES 24/7

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။