နယူးဇီလန်နိုင်ငံကတော့ ဟွာဝေးဆက်သွယ်ရေး ကုမ္ပဏီက အခြေခံပစ္စည်းကိရိယာတွေကို အသုံးမပြုဖို့ပိတ်ပင်ခဲ့ပါတယ်။

ဘာကြောင့်လဲဆိုရင်တော့ ဟွာဝေးကုမ္ပဏီရဲ့ ပစ္စည်းတွေကို အသုံးပြုမယ်ဆိုရင် နိုင်ငံလုံခြုံရေး ကိုစိုးရိမ်ရတာကြောင့် အသုံးမပြုဖို့ပိတ်ပင်ခဲ့တာလို့အကြောင်းပြခဲ့ပါတယ်။ 

နယူးဇီလန်က ဆက်သွယ်ရေးကုမ္ပဏီတစ်ခုကတော့ ဟွာဝေးရဲ့ 5G ကွန်ရက်

အခြေခံအဆောက်အဦးအတွက် ပစ္စည်းကိရိယာတွေကို အသုံးပြချင်ပေမယ့် အစိုးရလုံခြုံရေး အေဂျင်စီက သတင်းအချက်အလက်ပေါက်ကြားနိုင်တဲ့အန္တရယ်ကို အလွန်စိုးရိမ်ရတယ်လို့ ပြောကြားခဲ့ပါတယ်။  

တခြားနိုင်ငံတွေကလည်း ဟွာဝေး ကုမ္ပဏီအနေနဲ့ ကုန်ထုတ်လုပ်မှု ဆိုင်ရာ သတင်းအချက်အလက်တွေ ၊ ထိပ်တန်းလျှို့ဝှက်ချက် သတင်းတွေကို တရုတ်အစိုးရဆီကို ကူညီပေးပို့နေတယ်လို့ သံသယရှိနေကြပါတယ်။

သြစတြေးလျ နိုင်ငံတကာ ဆိုက်ဘာ မဟာဗျူဟာ နဲ့မူဝါဒ ဌာနမှာတာဝန်ထမ်းဆောင်နေတဲ့ တွန်ရမ်ကလည်း တရုတ်နိုင်ငံအနေနဲ့ သတင်းအချက်အလက် ရယူမှုကို နှစ်ပေါင်းများစွာ လုပ်ဆောင်ဖို့ သံန္နိဋ္ဌာန် ချထားတာကိုတွေ့ရတယ်လို့ပြောကြားခဲ့ပါတယ်။

source- BBC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။